NEWS

ဂျပန်တွင် ရေနစ်သေဆုံးသည့် မြန်မာနိုင်ငံသားအား သင်္ဂြိုလ်ရန် မိသားစုနှင့်အဆက်သွယ်မရဖြစ်နေ

CoverLogo
202 Views
 
ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသား တစ်ဦး ရေနစ်သေဆုံး ခဲ့ ပြီး သင်္ဂြိုလ်ရန် အတွက် မိသားစုဝင်တွေနဲ့ အဆက်သွယ် မရ ဖြစ်နေတယ်လို မြန်မာသံရုံး တိုကျိုက စက်တင်ဘာ ၁၉ ရက်မှာ အသိပေးထားပါတယ်။
 
မြန်မာနိုင်ငံသား SAN NYEIN မြန်မာနိုင်ငံကူးလက်မှတ်(MI037045)ကိုင်ဆောင်သူဟာ စက်တင်ဘာ ၇ ရက်က Nakatsugawa မြစ်အတွင်း ရေနစ်သေဆုံးခဲ့ကာ စက်တင်ဘာ ၈ ရက်မှာတော့ ၎င်းရဲ့ ရုပ်အလောင်း ကို Kiyokawa ရွာ Aiko ခရိုင် Nakatsugawa မြစ် အတွင်း တွေ့ရှိခဲ့ ကြောင်း သိရပါတယ်။
 
အခုလို မြန်မာနိုင်ငံသားရေနစ်သေဆုံးမှု နဲ့ ပက်သက်ပြီး Mizuhiki Atsugi City ,Kanagawaခရိုင် Atsugi ရဲစခန်းမှ မြန်မာသံရုံး ကို အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် မြန်မာနိုင်ငံသား SAN NYEIN ရဲ့ ရုပ်အလောင်း ကို သင်္ဂြိုလ် ဖို အတွက်၎င်းရဲ့ မိသားစုဝင်တွေ ကို သတိရှိတဲ့ မိတ်ဆွေ တွေ အနေနဲ့ မြန်မာသံရုံး အီးမေး contacts Myanmar embassy Tokyo.org သို့ ဆက်သွယ်ပေးဖို့ မြန်မာသံရုံးတိုကျိုက အသိပေးထားပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025