NEWS

ဂျပန်တွင် မြေငလျင် ပြင်းထန်စွာ လှုပ်ခတ်သဖြင့် ၎င်းဒေသရှိ မြန်မာနိုင်ငံသားများ အစားသောက်နှင့်အလုပ်အကိုင်ဆိုင်ရာ အကူညီလိုအပ်ပါကမြန်မာသံရုံးကို အကူညီတောင်းခံနိုင်

CoverLogo
381 Views

ဂျပန်နိုင်ငံတွင် ပြင်းထန်တဲ့မြေငလျင် လှုပ်ခတ် ခဲ့တဲ့ အတွက် ၎င်းဒေသရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့ အစားသောက်နှင့်အလုပ်ကိုင်ဆိုင်ရာ အကူညီလိုအပ်ပါကမြန်မာသံရုံးကို အကူညီတောင်းခံနိုင်တယ်လို့ မြန်မာသံရုံး၊ တိုကျိုမြို့ က ဩဂုတ် ၉ရက်မှာ အသိပေးပါတယ်။ 


ဩဂုတ်လ ၈ရက် ညနေ ၄နာရီခွဲကျော် ခန့် မှာ  ပြင်အားအဆင့် ၇ဒသမ ၁ ရှိ တဲ့  အင်အားပြင်းငလျင်တစ်ခု ဟာ  ဂျပန်နိုင်ငံတောင်ပိုင်း၊ Kyushu ကျွန်းအနီး၊ Hyuganada Sea ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 


ငလျင်လှုပ်ခတ်တာကြောင့် ဆူနာမီလှိုင်းတွေဟာ တစ်မီတာခန့်မြင့်တက်လာပြီး ကျူရှုးနဲ့ ရှီကိုကူကျွန်း တွေရဲ့ ကမ်းခြေ နေရာ အချို့ကို ရိုက်ခတ်နိုင်တယ်လို့ ဂျပန်သတင်းတွေမှာဖေါ်ပြထားပါတယ်။ 


ဒါကြောင့် အဆိုပါဒေသမှာ  နေထိုင်အလုပ်လုပ်ကိုင်နေကြ တဲ့  မြန်မာနိုင်ငံသားတွေ အနေနဲ့  ဒေသအာဏာပိုင်များရဲ့  ထုတ်ပြန်ချက်တွေ ကို  အထူးအလေးထားလိုက်နာသွားရန် နဲ့   အစားအသောက်နှင့် အလုပ်အကိုင်ဆိုင်ရာ အကူအညီလိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ ဆက်သွယ်နိုင်တယ်လို့  သံရုံးက ထုတ်ပြန်ထားပါတယ်။ 


ဂျပန် မိုးလေဝသ ဌာနက လည်း ဆူနာမီ သတိပေးချက် ပြန်မရုတ်မသိမ်းမချင်း ကမ်းခြေတွေကို မသွားဖို့ ကြေညာထားပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026