NEWS

ဂျပန်က မြန်မာအလုပ်သမား တစ်ထောင်ကျော် ထပ်ခေါ်မည်

CoverLogo
844 Views

ဂျပန်နိုင်ငံက ဂျပန်ကုမ္ပဏီ သုံးရာကျော်က မြန်မာအလုပ်သမား အယောက်တစ်ထောင်ကျော် ထပ်ခေါ်ယူသွားမယ်လို့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

         

တိုကျိုမြို့​မြန်မာသံရုံးအနေနဲ့ ယခုလနှစ်ပတ်တာအတွင်းမှာ ဂျပန်လုပ်ငန်းရှင်ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်ကမ်းလှမ်းစာတွေကို စီစစ်ပြီး ကုမ္ပဏီသုံးရာကျော်အလုပ်ကမ်းလှမ်းစာ ၃၁၉ ခုအတွက် မြန်မာအလုပ်သမား ကျား လေးရာခန့်နဲ့ အမျိုးသမီးလုပ်သား ခြောက်ရာကျော်၊ စုစုပေါင်း အလုပ်သမားတစ်ထောင်ကျော်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတာလို့ သိရပါတယ် ။ 

 

"ဂျပန်ကတော့ ပြန်ဖွင့်ကတည်းက ပုံမှန်သွားနေကြတာပါပဲ။ အလုပ်သမားစိတ်ဝင်စားမှုလည်းများတယ်။ အလုပ်ခေါ်တာလည်းဆက်တိုက်ပါပဲ"လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

            

ဂျပန်နိုင်ငံက မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ၂၀၂၀ ကိုဗစ်ရောဂါ ဖြစ်ပွားချိန်က စတင်ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်မတ်လမှာ ပြန်လည်လက်ခံခေါ်ယူခဲ့ရာ လစဥ်ပျမ်းမျှအလုပ်သမားတစ်ထောင်ခန့်နဲ့အထက် ခေါ်ယူနေတာလို့သိရပါတယ်။ 

 

ဂျပန်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း ၊ စိုက်ပျိုး‌ရေး ၊ စားသောက်ကုန်လုပ်ငန်းနဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ အများဆုံးသွားရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ 

 

ဂျပန်နိုင်ငံက ပြီးခဲ့တဲ့ မေလတစ်လအတွင်းက အလုပ်သမားဦးရေ ၁၈၆၅ ဦးအထိ စေလွှတ်ဖို့ အလုပ်ခေါ်စာရရှိခဲ့ပြီး ၊ ဇွန်လကလည်း အလုပ်ကမ်းလှမ်းစာ ၂၉၃ ခုမှ မြန်မာအလုပ်သမား စုစုပေါင်းတစ်ထောင်ခန့်အထိ ခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026