NEWS

ခွင့်ပြန် EPS လုပ်သားများ ထွက်ခွာခွင့်အမည်စာရင်း ပါရှိမှသာ ပြည်ပကို ပြန်ထွက်နိုင်မည်ဟုဆို

CoverLogo
751 Views
 
တောင်ကိုရီးယားနိုင်ငံ က ခွင့်ပြန် EPS မြန်မာ လုပ်သားတွေ အနေနဲ့ ထွက်ခွာခွင့် ကို အလုပ်သမားဝန်ကြီးဌာနရဲ့ safe Migration တယ်လီဂရမ်မှာ အမည် စာရင်းပါရှိ မှသာ ပြည်ပကို ပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ safe Migration မှာ မေ ၇ ရက်မှာ အသိပေး ကြေညာထားပါတယ်။
 
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် သွားရောက်တဲ့ EPS လုပ်သားတွေ အနေနဲ့ မိခင်နိုင်ငံ သို့ ခွင့်ပြန်လာပါက POEA ရုံး ကို မပျက်မကွက် သတင်းပေးပို့ရမယ်လို့ အသိပေးကြေညာထားပါတယ်။
 
အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီ က တစ်ဆင့် ခွင့်ပြန် လုပ်သားတွေ ရဲ့ပြည်ပထွက်ခွာခွင့်ကိုအစိုးရ ပြည်ပ အလုပ် အကိုင် အေဂျင်စီ ဆီ ထံ သတင်း ပို့ထား တဲ့ ရက်စွဲ၊ အချိန် ပါရှိ တဲ့ တန်းစီ ဇယား စနစ် နဲ့ စိစစ် ခွင့်ပြုပေးနေတယ်လို့ဆိုပါတယ်။
 
ဒါကြောင့် ပြန်လည်ထွက်ခွာခွင့်ကို safe Migration တယ်လီဂရမ် မှာ နာမည်စာရင်း ပါရှိမှသာ ပြည်ပကိုပြန်လည်ထွက်ခွင့် ရရှိနိုင်မယ်လို့ အသိပေးကြေညာထားပါတယ်။
 
လက်ရှိမှာ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ပို့ဆောင်တဲ့ လုပ်သားတွေသာမက ပုဂ္ဂလိက အေဂျင်စီ မှ သွားရောက်မယ့် လုပ်သားတွေ၊ ခွင့်ဖြင့် ပြည်ပက ပြန်လာသူတွေ နဲ့ မိမိအစီစဉ်နဲ့ သွားရောက်မယ့် လုပ်သားတွေ အားလုံး အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရမှာသာ ပြည်ပကို ပြန်လည် ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။
 
အခုလို ခွင့်ပြုချက် တောင်းခံနေရတဲ့ အတွက် အချိန်ကြန့်ကြာ မှု တွေ ဖြစ်ပေါ်ပြီး ခွင့်ပြန်အပါအဝင် ပြည်ပထွက်ခွာမယ့် လုပ်သားတွေ မှာ ဆုံးရှုံးနစ်နာမှု တွေ ဖြစ်ပေါ်နေတယ်လို့ သက်ဆိုင်ရာ လုပ်သားတွေထံ မှသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026