NEWS

ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး

CoverLogo
358 Views
 
ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ အိမ်အကူ လုပ်သား တွေ ကို စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန က အိမ်အကူ လုပ်သား ဖြစ် လို့ ဆိုကာ ပြည်ပ ပြန်ထွက်ခွင့် မပေးဘူးလို့ နစ်နာသူ လုပ်သားတွေ ထံမှ သိရပါတယ်။
 
ခွင့်ပြန် အိမ်အကူ လုပ်သားတွေ က ပြည်ပ ပြန်ထွက်ခွင့် လျှောက်ထားတဲ့ အခါ အလုပ်သမားဝန်ကြီး လက်အောက်ရှိ Safe migration တယ်လီဂရမ် ကနေ ပြည်ပက ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြန်ထွက်ခွာခွင့် လျှောက်ထားမှုအပေါ် လိုအပ်ချက်ရှိလို့ဆိုပြီး ခွင့်မပြုတဲ့ အချက်အလက် တွေ ထဲ မှာ အိမ်အကူလုပ်သား (Domestic Worker) ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက် နဲ့ ထွက်ခွင့်မပေးတာ တွေ့ရပါတယ်။
 
အခုလို အိမ်အကူလုပ်သားဖြသ် လို့ ပြည်ပ ပြန်ထွက်ခွင့် မပေးတာကြောင့် ပြည်ပ မှခွင့်ပြန် လာတဲ့ အိမ်အကူအလုပ်သမားတွေ မှာ လုပ်ငန်းခွင်ကို ပြန် မဝင်နိုင်မှာစိုးရိမ်နေကျသလို ပြည်ပရောက်နေတဲ့ အိမ်အကူလုပ်သားတွေ အနေနဲ့ ပြည်တွင်းသို့ အထောက်အထားအချက်အလက်စုံလင်သော်လည်း ခွင့်ဖြင့် ပြန်မလာဝံ့တော့ ဘူးလို့ ဆိုပါတယ်။
"နေရပ် ခွင့်ပြန်အလုပ်သမား တွေကို ပြည်ပ ပြန်မထွက်အောင် အမျိုးမျိုး ကန့်သတ်နေတာ မသိလို့ ခွင့် နဲ့ ပြန်လာတဲ့ သူတွေ လည်း လုပ်ငန်းခွင်ပြန်မဝင်နိုင်လို့ စိတ်တွေဆင်းရဲ ပြည်ပရောက်နေသူတွေလည်း ပြန်ဖို့ မတွေးရဲတော့တဲ့ အခြေနေ ဖြစ်နေပြီ"လို့ စင်္ကာပူရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ပြည်ပသို့ တရားဝင် လုပ်သားစေလွှတ်မှု တွင် အိမ်အကူ လုပ်သား စေလွှတ်မှု ကို အလုပ်သမားဝန်ကြီးဌာနက ခွင့်မပြုထားပေမယ့် ပြည်တွင်းမှ အမျိုးသမီးလုပ်သား တချို့ဟာ အဆင်ပြေတဲ့ နည်းလမ်းနဲ့ ထိုင်း၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေမှာ အိမ်အကူလုပ်သားအနေနဲ့ သွားရောက်လုပ်ကိုင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
 
" အိမ်အကူ လုပ်သား က တရားဝင် လုပ်သားစေလွှတ် ခွင့်တော့မပေးထားဘူး အလည်ဗီဇာ တွေ နဲ့ အိမ်အကူအလုပ်သွားလုပ်နေကျတာ များတယ် ဒါပေမယ့်အရင်ကတော့ ခွင့်ပြန် လာသူတွေ ပြန်ထွက်လို့ရတယ် အခု ထွက်ခွင့်မပေးဘူးလို့ ကြားတယ် တရားဝင် ခွင့်ပြုထားတဲ့ အလုပ်မဟုတ်တာ အကြောင်းပြပြီး ပြန်ထွက်ခွင့် ကန့်သတ်လိုက်တာ လို့ထင်တယ်လို့"ပြည်ပလုပ်သားစေလွှတ်နေတဲ့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လက်ရှိတွင် စစ်ကော်မရှင် ဘက်မှ ပြည်ပ ခွင့်ပြန် လုပ်သားတွေ ကို ပြန်ထွက် မရ အောင် မူဝါဒ အမျိုးမျိုး ချမှတ်ပြီး လုပ်ဆောင်နေတာကြောင့် ပြည်ပ ခွင့်ပြန် အလုပ်သမားတွေ မှာ ငွေကြေးနစ်နာဆုံးရှုံးရသလို အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဆုံးရှုံးနေကျရတယ်လို့ နစ်နာသူ လုပ်သားတွေ ထံမှ သိရပါတယ်။
 
ပုံစာ- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပထွက်ခွာရန် ပြင်ဆင်နေကြသော မြန်မာလူငယ်တချို့

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026