NEWS

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာ ၈ ဦး  မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးခံရ

CoverLogo
314 Views

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီးမှု တွေ ပြုလုပ်ရာမှာ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၈ဦး ကို မူးယစ်ဆေးဝါးနဲ့အတူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ချင်းမိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့မှာ  သတင်းထုတ်ပြန်ထားပါတယ်။ 

 

ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဒုတိယရဲမှူးကြီး Sutheerthep Phonaruemit ဦးဆောင်တဲ့   စုံစမ်းစစ်ဆေးရေးအဖွဲ့ ဟာ နယ်မြေအတွင်း စီပွားရေးလုပ်ငန်းတွေ အပါအဝင် နိုင်ငံခြားသား တွေ ကို စစ်ဆေးမှုများ ပြုလုပ်နေရာ ဖေဖော်ဝါရီ ၂၀ ရက် က မြန်မာနိုင်ငံသား ၈ ဦး ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

 

ဖမ်းမိသူတွေကို  မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိခြင်း၊ သုံးစွဲခြင်း၊ ဖြန့်ဝေခြင်းစတဲ့သံသယရှိသဖြင့် စစ်ဆေးရာမှာ မြန်မာနိုင်ငံသား၈ဦးအနက် ၆ဦးမှာ ဝန်ခံ ခဲ့တယ်လို့ သိရပါတယ်။ 

 

၎င်းတို့ကို တရားမဝင် ဝင်ရောက်နေထိုင်မှု ၊မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု စတဲ့ ပြစ်မှု တွေ နဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့ သိရပါတယ်။ 

 

လက်တလောမှာ ထိုင်းနိုင်ငံ  အတွင်း နိုင်ငံခြားသားတွေ တရားမဝင် ဝင်ရောက် နေထိုင်မှု အခြေနေတွေ ကို စောင့်ကြည့်ကြပ်မတ်ဖို့ အတွက် ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ထုတ်ခဲ့ပြီးနောက်  ချင်းမိုင်တွင် လည်း စစ်ဆေးဖမ်းဆီးတာတွေ  ပိုမိုပြုလုပ်လာတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026