NEWS

ချင်းနှင့်ရခိုင်ပြည်နယ် တွင် ၂၄ နာရီ အတွင်း မိုးရွာသွန်းမှုများပြီး တောင်ပြို မြေပြိုခြင်းများအတွက် ကြိုတင်ရှောင်ရှားနိုင်ရန် သတိပေး

CoverLogo
529 Views

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ စက်တင်ဘာ ၁၃ ရက် မနက်၁၁နာရီ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃  မှ စက်တင်ဘာ ၁၅ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်တာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ တောင်ပြို မြေပြိုခြင်းများသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။


ချင်းပြည်နယ်နှင့်  ရခိုင်ပြည်နယ် အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။


မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင် ကြသူများအနေနဲ့  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေလည်း ရေကြီး ရေလျှံမှုများကို ကြိုတင်သတိပြုကြရန်၊ ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားပါတယ်။


ဒါ့အပြင် ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာ ၂၄နာရီ အတွင်း (စက်တင်ဘာ၁၃နံနက်၁၁နာရီမှ စက်တင်ဘာ၁၄ရက် နံနက်၁၁နာရီအထိ) မိုးရွာသွန်းမှု များကာ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းခြင်း၊ တောင်ပြို၊မြေပြို ခြင်းတွေ ဖြစ်တတ်တာမို့ သတိပြုရန် အတွက် ပုဂ္ဂလိက မိုးလေဝသပညာစောင့်ကြည့်သူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။


Photo-MMWeather


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026