NEWS

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် မြို့နယ် ၅ ခု မှာ သတိပြုဖို့ လိုအပ်

CoverLogo
521 Views
 
ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှာ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိနေသလို မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့တို့ မှာ လာမယ့် ၂၄နာရီ အတွင်း စိုးရိမ်ရေအမှတ် ကို ရောက်ရှိနိုင်မယ် လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန် ပါတယ်။
 
မွန်းတည့် ၁၂နာရီ ခွဲ အချိန် တိုင်းတာချက်အရ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေပြီး လာမယ့် ၁ရက် အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် မော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်၊ မုံရွာ မြို့နယ် တို့ မှာ တော့ ချင်းတွင်းမြစ်ရေဟာ လာမယ့် ၂၄နာရီ အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိလာမှာ ဖြစ်သလို ကလေးဝ မြို့နယ်မှာတော့ လာမယ့်၃၆နာရီ အတွင်း စိုးရိမ်ရေမှတ် သို့ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့နယ်တို့ရှိ မြစ်ကမ်းအနီးနဲ့ မြေအနိမ့်ပိုင်း နေထိုင်သူတွေ ဟာ ကြိုတင်သတိပြုကြဖို့ နဲ့ မြစ်ရေတက်လာပါက အချိန်မီရှောင်ရှားနိုင် ဖို့ သတိပေးထားပါတယ်။
 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ယနေ့ညနေမှ ၄-၇-၂၀၂၅ ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ် အသီးသီးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တာကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
 
အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။
 

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026