NEWS

ကြွေထည်စက်ရုံမှ မြန်မာအလုပ်သမား ၁၁ ဦးလုပ်အားခဘတ်နှစ်သိန်းခွဲကျော်မရသဖြင့်တိုင်ကြား

CoverLogo
428 Views
 
ထိုင်းနိုင်ငံ၊ ဆာလာဘူလီခရိုင်၊ နောင်ခဲမြို့တွင်ရှိသော (ကြွေထည်စက်ရုံ)တွင်အလုပ်အလုပ်နေသောမြန်မာ (PJ/CI/ဘတ်အသစ်)အလုပ်သမား ကျား/မ (၁၁)ဦ်း၏လုပ်ခလစာဘတ်နှစ်သိန်းခွဲကျော်မရရှိသဖြင့်မြို့နယ်ဆဝါဒီကန်ရုံးသို့တိုင်ကြားထားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အဆိုပါအလုပ်သမား၁၁ဦးသည် ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာ (၃ လမှ ၈ နှစ်)အထိသက်တမ်းရှိကြပြီဖြစ်ပြီး စက်ရုံတွင် လုပ်အားခ ပုံမှန်မထွက်ခြင်း၊ လုပ်အားခထွက်ရက်မမှန်ခြင်း (၁)လ (၂)ကြိမ်ထုတ်မပေးဘဲ ၁လ ၁ကြိမ်သာထုတ်ပေးခြင်း အစရှိတဲ့အလုပ်သမား အခွင့်အရေးများကိုချိုးဖောက်ခံနေရကြောင်းသိရပါတယ်။
 
"ဒီနေ့မြို့နယ်ဆဝါဒီကန်ရုံးမှာကျွန်တော်တို့တိုင်လိုက်ပါတယ်။ထိုင်းအစိုးရရဲ့လုပ်ဆောင်ချက်ကမြို့နယ်ဆဝါဒီကန်မှာသွားတိုင်ပြီဆို နှစ်လဖြစ်ရင်လည်းဖြစ်မယ် နှစ်လအတွင်းလည်ဖြစ်မယ်။ဒီအတွင်းဆက်သွယ်ဖို့ရှိပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
အဆိုပါကြွေထည်စက်ရုံမှထိုင်းသူဌေးသည် ဩဂုတ်လ ၁၅ ရက်အထိလုပ်အားခများကိုသာရှင်းပေးထားပြီး အောက်တိုဘာ ၃၁ရက်အထိ လုပ်အားခ ငါးဝှီးစာ တစ်ဦးလျှင်ထိုင်းဘတ်ငွေ ၂၃၀၀၀ ဘတ်ဝန်းကျင် ၁၁ဦးစာ ထိုင်းဘတ်ငွေ ၂၅၃၀၀၀ ဘတ်ဝန်းကျင် ရရှိရန်ကျန်နေခြင်းဖြစ်ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အလုပ်သမားများမှ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် နိုဝင်ဘာ ၁၀ရက်တွင် WAGအဖွဲ့သို့ဆက်သွယ်အကူညီတောင်းခံလာသဖြင့် အလုပ်သမားများနှင့်အတူ မြို့နယ်ဆာဝါဒိကန်ရုံးတွင်သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026