NEWS

ကြေးပိုက်ခိုးယူသည့်​​ မြန်မာဝန်ထမ်းအား တရားဥပဒေနှင့်အညီအရေးမယူဘဲ ညှင်းပန်းနှိပ်စက်သောကြောင့် အလုပ်သမားများဆန္ဒပြ

CoverLogo
74 Views
 
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ နာဟုန်ရင်ရပ်ကွက်တွင်ရှိသော (ကြေးအဟောင်းဖြုတ်စက်ရုံ)တွင် အလုပ်လုပ်ကိုင်နေသော (CI)ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုဇော်မိုးသည်စက်ရုံမှ ကြေးပိုက်များခိုးယူသည်ကို ဖမ်းမိခဲ့သော်လည်း ဥပဒေနှင့်အညီအရေးမယူဘဲ စက်ရုံလုံခြုံရေးနှင့်တရုတ်များက ဝိုင်းဝန်းနှိပ်စက်သည်ကိုမကျေနပ်သောကြောင့်အလုပ်သမားများဆန္ဒပြခြင်းဖြစ်ပွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
ကိုဇော်မိုးသည်အဆိုပါစက်ရုံတွင်အလုပ်လုပ်နေသည်မှာ ၇ လကျော်ပြီဖြစ်ပြီး အောက်တိုဘာ ၁၄ရက်ညနေအလုပ်ပြန်ချိန် ယမ်းဂိတ်တွင် လုံခြုံရေးမှစစ်ဆေးရာ လွယ်အိတ်ထဲမှ ကြေးပိုက်များဖမ်းမိခဲ့ပြီး လုံခြုံရေးမှ ကိုဇော်မိုးဦးအား ဂုတ်မှဆွဲကာ ထိုးနေစဥ် စက်ရုံမှတရုတ်နှစ်ယောက်နှင့် အပြင်မှတရုတ်၁ယောက်မှာလည်း လုံခြုံရေးနှင့်အတူ ဝိုင်းဝန်းထိုးကြိတ်ကြပြီး နောက် သံကြိုးနှင့်တုတ်ထားကာ သံတုံးများကိုလည်ပင်းအားဆွဲထားခဲ့ကြောင်းသိရပါတယ်။
 
"ခိုးတဲ့အမှုကတော့ခိုးတဲ့အမှုပေါ့။အထိုးအကြိတ်ခံရတာနဲ့ပတ်သက်ပြီးတော့သူ့ကိုဆေးရုံတင်ထားတယ်။သူခန္ဓာကိုယ်ကိုဓာတ်မှန်ရိုက်ဘာညာစစ်ဆေးတာပေါ့။အဲ့ဒါတော့သူလျော်ကြေးရမှာပေါ့။အပြင်ပစ္စည်းခိုးတာနဲ့စက်ရုံပစ္စည်းခိုးတာမတူဘူး။ထောင်သုံးနှစ်ကနေငါးနှစ်အထိကျခံရနိုင်တယ်။သူခိုးတာလည်း ငါးကီလိုထိုင်းဘတ်ငွေနှစ်ထောင်နီးပါးဘဲရှိပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
 
ကိုဇော်မိုးနှင့်အတူပစ္စည်းများအားဖမ်းမိသော်လည်း ရဲစခန်းသို့တန်းမပို့ဘဲ ဝိုင်းဝန်းနှိပ်စက်သည်ကို မကျေနပ်သဖြင့် အလုပ်သမားများမှ ဆန္ဒပြရာ ညနေ ၆ နာရီ အချိန်တွင် ရဲစခန်းမှတာဝန်ရှိသူများ ရောက်ရှိလာပြီး ကိုဇော်မိုးနှင့်အတူ စက်ရုံမှ တရုတ်(၂ )ယောက်အား ထိန်းသိမ်းရန်ည ၈ နာရီ အချိန်တွင် ဖမ်းဆီးသွားကြောင်းသိရပါတယ်။
 
အဆိုပါအမှုနှင့်ပတ်သက်ပြီး အလုပ်သမားများမှ တရားဥပဒေနှင့်အညီ မဖြေရှင်းပေးဘဲ ညှင်းပန်းနှိပ်စက်သောကြောင့် တရားမျှတမှုရအောင်တွတ် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသောကြောင့် အောက်တိုဘာ ၁၄ ရက် ညဆယ်နာရီအချိန်တွင်အမှုကိုလက်ခံခဲ့ကြောင်းသိရပါတယ်။
 

Related posts

Cover
လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းမှု ၁၀ ရက်ကျော်သည်အထိ ပြန်မဖွင့်သေး
Oct 28, 2025
Cover
လုပ်ကိုင်ခွင့်မပြုထားသည့် လုပ်ငန်းများတွင် နိုင်ငံခြားသားများ လုပ်ကိုင်မှုရှိမရှိ တစ်နိုင်ငံလုံး အနှံ့ စစ်ဆေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနအသိပေး
Oct 28, 2025
Cover
လုပ်ငန်းခွင်တွင်းမတော်တဆမှုကြောင့်လက်ပြတ် သွားသည့် မြန်မာအမျိုးသမီးအလုပ်သမား၏ နစ်နာမှုအတွက်တိုင်ကြား
Oct 27, 2025
Cover
ထိုင်းနိုင်ငံ သို့ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော် ထပ်မံအဖမ်းခံရ
Oct 27, 2025
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ
Oct 25, 2025
Cover
ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
Oct 25, 2025