NEWS

ကြော်ငြာအတုများကြောင့် သင်္ကြန်ကာလ နေရပ်ပြန်ခြင်း ရှောင်ရှားရန် ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများ သတိပေး

CoverLogo
1.4K Views

ထိုင်းအစိုးရက လက်ရှိ  တရားဝင် နယ်စပ်ဖြတ်သန်းခွင့် မပေးထားသေးသလို အင်တာနက်အွန်လိုင်းပေါ်မှာ တာဝန်ယူ ပို့ဆောင်ပေးမည်ဆိုတဲ့ ကြော်ငြာအတုတွေကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအနေနဲ့  သင်္ကြန်ကာလကို နေရပ်ပြန်တာတွေကို မပြုလုပ်ဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သတိပေး နှိုးဆော်ထားတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ နေအိမ်ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နေအိမ်အရောက်လာကြိုပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကနေ မြဝတီလိုင်းကားအပေါ်အထိ ချိတ်ဆက်ဆောင် ရွက်ပေးသွားမယ်ဆိုတဲ့ ကြော်ငြာတွေ ပျံနှံနေတဲ့အပေါ် မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို သတိပေးထားတာ ဖြစ်ပါတယ်။

မြန်မာဘက်အခြမ်း ပွဲစားတွေက ထိုင်းအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး မြန်မာအလုပ်သမားတွေအတွက် ကြီးမားတဲ့ ကုန်ကျစရိတ်ဖြစ်တဲ့  ဘတ် ၃၅၀၀ ကနေ ၁၀,၀၀၀ အထိ ပေးပြီး နေရပ်ပြန်တာမျိုး မဖြစ်စေဖို့  တရားဝင် နှစ်နိုင်ငံဂိတ်တွေ တရားဝင်ဖွင့်တဲ့အထိ သည်းခံ စောင့်ဆိုင်းဖို့လိုအပ်တယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း သင်္ကြန်ကာလအတွင်း ထိုင်းအာဏာပိုင်တွေက ဥပဒေကို  အမျိုးမျိုး ပြုလုပ်ထားသလို ပွဲစားတွေကလည်း ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နိုင်တဲ့ အပြင်  မြန်မာ နယ်စပ်တိုက်ပွဲတွေနဲ့လည်း ကြုံတွေ့ ရနိုင်တယ်လို့ (JACBA)က သတိပေးထားတာ ဖြစ်ပါတယ် ။

ဒါအပြင် မြန်မာရွှေ့ပြောင်းအလုပ်သမား ခရီးသည်တွေကို အဓိက ပို့ဆောင်ပေးနေတဲ့ ဘန်ကောက်-မြဝတီ ကားသမားတွေက ဧပြီလ ၈ ရက်ကနေ ၁၁ ရက်နေ့အထိ အိမ်ပြန်လို့ရတယ်ဆိုပြီး ပြောဆိုစည်းရုံးနေသလို  တရားဝင် ကားတွေနဲ့ အကြိုအပို့ လုပ်ပေးနေတယ်လို့  Facebook လူမှုကွန်ရက်စာမျက်နှာမှာ ကြော်ငြာ ထား တာပါ။

ဒီအပြင် လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသူတွေကလည်း  စစ်ကောင်စီကျင်းပမယ့် သင်္ကြန် ပွဲတော်တွေအပါအဝင် အပျော်သင်္ကြန်တွေမှာ မပါဝင်ဘဲ  တော်လှန်သင်္ကြန်အနေနဲ့ ပါဝင်ကြဖို့ကို  စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်းရေးအဖွဲ့က လူမှုကွန် ရက် စာမျက်နာမှာ တိုက်တွန်း ထားပါတယ်။  

လက်ရှိ  ထိုင်း-မြန်မာနယ်စပ်  မြဝတီ-ကောကရိတ် အာရှလမ်းမှာလည်း  စစ်ကောင်စီနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA နဲ့ စစ်ကောင်စီ နဲ့ ပူးပေါင်းတပ်ဖြစ်တဲ့ BGF  တပ်တွေနဲ့  နှစ်ဖက် တိုက်ပွဲ ပြင်းထန် နေတာကြောင့် ခရီးသွား ပြည်သူတွေကို မတ်လ ၂၇ ရက်နေ့ကစပြီ အာရှလမ်းမကြီးကို အသုံးပြု သွားလာ မပြုလုပ်ဖို့ ကရင်အမျိုးသားများအစည်းအရုံး (KNU ) က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရကလည်း  ပြီးခဲ့တဲ့  (၂) နှစ် အတွင်း ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် နယ်မြေကျော်လွန် ခရီးသွားလာတာတွေကို တားမြစ်ထားသလို  နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို တရားဝင် ဖွင့်လှစ်ထားတာ မရှိသေးတဲ့အပြင် သင်္ကြန်ကာလမှာလည်း  ရေပက်ကစားတာကို  ကန့်သတ်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ 
 


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကြန့်ကြာမှုကြောင့် ခွင့်ပြန်လုပ်သားများ အခက်တွေ့နေ
Feb 25, 2026
Cover
ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိသဖြင့် နှာခေါင်းစည်းတပ်ရန် တိုက်တွန်း
Feb 24, 2026
Cover
ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်
Feb 24, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026