NEWS

ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို

CoverLogo
368 Views
 
ထိုင်းနိုင်ငံ ဖက်ခ်ျဘူရီခရိုင် ခက်ကွန်း(Cal-Comp) လျှပ်စစ်စက်ရုံက ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၄၅၀ ဦး ကို အလုပ်ထုတ်နစ်နာကြေး အပြင် ဂရုဏာကြေး ဘတ်တစ်သောင်း ပေးမယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
 
၎င်းစက်ရုံက မြန်မာလုပ်သား ၁၄၅၀ဦးကို စက်တင်ဘာ ၃၀ ရက်က အကြောင်းမဲ့ရုတ်တရက်အလုပ်ထုတ်လိုက်ပြီး နစ်နာကြေး ဘတ် ၄၅၀၀ခန့်သာပေးတဲ့ အတွက် နစ်နာသူအလုပ်သမားတွေကမကျေနပ်တာကြောင့် ထိုင်းရောက်အလုပ်သမားအဖွဲ့စည်းတွေထံ အကူညီတောင်းခံခဲ့ရာ မြန်မာအလုပ်သမားသံအရာရှိရုံးကလည်းသွားရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၄၅၀ ဦးကို ထိုင်းအလုပ်သမားဥပဒေအရ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေအပြင် ဂရုဏာကြေး ဘတ်တစ်သောင်း၊ အိမ်ငှားစရိတ် ဘတ်၁၀၀၀၊ ခရီးစရိတ်ဘတ် ၃၀၀ ကို ပေးမယ်လို့ အလုပ်ရှင် အလုပ်သမား သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်ရှင်သစ်ထံ လုပ်ကိုင်နိုင်တဲ့ အလုပ်ပြောင်းရွှေ့စာ (ကျန့်အော်ကျန့်ခေါက်)အားသွေးစစ်ကုန်ဈေးတွင် ဖွင့်လှစ်မည့်စင်တာတွင် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ထံမှ ထုတ်ယူနိုင်တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးမှသိရပါတယ်။
အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၄၅၀ ဦးဟာ ၎င်းစက်ရုံမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ အလုပ်စမတ်ခ ၁၉၀၀၀ ဘတ် ပေးခဲ့ရပြီး အလုပ်ဝင်ပြီး၃လ ခန့် တွင် အလုပ်မှ ထုတ်ခံရတာ ဖြစ်ပါတယ်။
 
စက်ရုံဘက်မှ အလုပ်သမား ၁၄၀၀ ကျော်ကို အလုပ်ထုတ်ခဲ့တာဟာကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှုနှင့်ဝယ်လိုအားပြောင်းလဲပြီး ကုန်အမှာစာတွေ ကျဆင်းခဲ့တဲ့ အတွက် အလုပ်ထုတ်ရခြင်းဖြစ်တယ်လို့ ကုမ္ပဏီဘက်မှ မီဒီယာတွေကိုပြောကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ အခုလို အလုပ်စမတ်ခ များစွာပေးရပေမယ့် အလုပ်ဝင်ပြီး လပိုင်း ခန့်မှာ အလုပ်ဖြုတ်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်နေကာ နစ်နာသူ အလုပ်သမားတွေအတွက် မြန်မာအလုပ်သမား အဖွဲ့စည်းတွေက ကူညီဖြေရှင်းပေးနေရကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026