NEWS

ကျွဲဂိမ်းရှုံးပြီးအကြွေးတင်နေသဖြင့် အလုပ်ရှာနေသည့် အမျိုးသမီးကို စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန်စီစဉ်သူများ အဖမ်းခံရ

CoverLogo
275 Views
 
အွန်လိုင်း ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေတဲ့ အတွက် အလုပ်အကိုင်ရှာဖွေနေတဲ့ အမျိုးသမီး တစ်ဦးကို ငွေဖြင့် စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန် စီစဉ်သူတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရပါတယ်။
 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း ၃၀ အကြွေးတင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေးဆပ်ခဲ့ရာ ခြောက်လကြာချိန်ထိ အကြွေးပြန်မဆပ်နိုင်သေးတဲ့ အတွက် နေအိမ်အပေါင်ဆုံးတော့မယ့် အခြေနေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 
ဒါကြောင့် အလုပ်ရှာဖွေရာမှ မူဆယ်မြို့ မှာ နေထိုင်တဲ့ မချိုမာစိန်(ခ)မဗိုက်၊ မဇင်နွယ်လတ် (ခ)မဇင်တို့နဲ့ ချိတ်ဆက်မိပြီး တရုတ်နိုင်ငံ မှာ တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၈၀ ရရှိမှာ ဖြစ်သလို တစ်နှစ်သာ ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံးကာ မူဆယ်မြို့သို့ လာရောက်ရန် လမ်းခရီးစရိတ်များထုတ်ပေး၍ ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
မူဆယ်မြို့ ကို ရောက်တဲ့ အခါမှာ ၎င်းအမျိုးသမီးကို ဓာတ်ပုံ/ဗီဒီယိုများရိုက်ကူး၍ တရုတ်နိုင်ငံ ရွှေလီမြို့နေ ပွဲစား ဂျာဆိုင်(ခ)ကချင်မထံပို့ပေးခဲ့ပြီး မူဆယ်မြို့၊ ဗဟိုဆေးရုံတွင် ဆေးစစ်ပေးခဲ့ရာ ၎င်းအမျိုးသမီးက တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကြောင်း မချိုမာစိန် (ခ)မဗိုက်ကိုပြောခဲ့ရာ တရုတ်ယောက်ျားမယူပါက လမ်းခရီးကုန်ကျစရိတ်များ ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့နေပွဲစား ဂျာဆိုင်(ခ) ကချင်မထံ ပို့ဆောင်ရန်စီစဉ်ပြီးဖြစ်ကြောင်း ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။
 
ထိုသို့ ပို့ဆောင်ရန်စီစဉ်နေတဲ့ အတွက် ၎င်းအမျိုးသမီးဟာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့တဲ့ အတွက် အမှတ်(၁၇)လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်တိုင်တန်းပြီး မူဆယ်မြို့မရဲစခန်း (ပ)၁၉၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။
 
၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၀ ရက် မှာတော့ မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မချိုမာစိန်(ခ)မဗိုက်နှင့် မဇင်နွယ်လတ် (ခ)မဇင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် တရားခံ ဂျာဆိုင်(ခ)ကချင်မကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026