NEWS

ကိုရီးယား EPS သမားတွေ cancel ထိပြီး သက်တမ်းမတိုးပေးရသေးတဲ့ လုပ်သား ၁၀၀၀ ကျော်ထိရှိနေ

CoverLogo
1.7K Views

တောင်ကိုရီးယားအလုပ်အကိုင် (EPS) စနစ်ဖြင့် ကိုရီးယား သူဌေးရဲ့ အလုပ်ခေါ်စာကျပြီးမှ ငြင်းခံထိထားတဲ့အလုပ်မားတွေဟာ တစ်ထောင်ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။

''မြန်မာ အလုပ်သမားတွေကို Korean သူဌေးကြိုက်လို့ calling အများကြီး ချပေးထားပါတယ်။ POEA က အလုပ်သမားတွေကို မပို့ပေးဘဲ စာရွက်စာတမ်းစောင့်ရတာတွေ အချိန်တွေကြာသွားလို့ ကိုရီးယား သူဌေးတွေက စောင့်မနိုင်လို့ cancel လုပ်ချလိုက်တာ အများကြီးရှိတယ်။ အဲလို cancel ထိထားတာတွေကို သက်တမ်းထပ်တိုးပေးရမှာကို  လူနည်းနည်းကိုပဲ သက်တမ်းထပ်တိုးပေးပီး ကျန်ခဲ့တဲ့ cancel ထိပြီး သက်တမ်းမတိုးရတဲ့လူတွေက အယောက် ၈၀၀ ကနေ ၁၀၀၀ ကျော်ရှိနေတယ်'' လို့ အငြင်းခံထိထားတဲ့အလုပ်သမားတစ်ဦးက ဆိုပါတယ်။

ကိုရီးယားသို့သွားရောက်လုပ်ကိုင်ရန် သူဌေးရဲ့ calling ကျပြီး အလုပ်သမားကြောင့်မဟုတ်ဘဲ လုပ်သားပို့ပေးဖို့အချိန်နဲ့တပြေးညီမပို့နိုင်ဘဲ စောင့်ဆိုင်းရတာတွေကြောင့် cancel ပြုလုပ်ခြင်းကို ခံရပါက POEA က ( Auto) သက်တမ်း တစ်နှစ်ထပ်တိုးပေးရမယ်လို့  ကိုရီးယား အလုပ်သမား ဥပဒေမှာ ပြဌာန်းထားပေမဲ့ အနည်းစုသာသက်တမ်းတိုးပေးခြင်းပြုလုပ်ပြိး အများစုမှာ သက်တမ်းတိုးပေးဖို့ ​တောင်းဆိုထားကာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

အခုလိုသက်တမ်း ထပ်တိုးပေးဖို့ တောင်းဆိုနေသော်လည်း သက်တမ်းထပ်မတိုးတာမရှိဘဲ  စာရွက်စာတမ်းတင်ရန် ပြောဆိုမှုသာရှိပြီး   သက်တမ်းထပ်တိုးပေးဖို့ကို အလုပ်သမားတွေအနေနဲ့ POEA သို့တောင်းဆိုတာရှိသလို  Korean HRD အမြန်ဆုံးသိအောင်လည် ဝိုင်းဝန်ကူညီစေချင်တယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

''ပြီးတဲ့လက cancel ထိတဲ့လူတစ်ချိုးကို သက်တမ်းထပ်တိုးပေးတာတော့တွေ့ရပါတယ်။  သက်တမ်းတိုးတဲ့လူတွေကတော့ calling ကျတာ ရှိခဲ့ပါတယ်။ သက်တမ်း မတိုးရတဲ့လူတွေကတော့ calling စောင့်ခွင့်မရှိဘူး ဒါကြောင့် ငြင်းခံထိထားတာတွေကို သက်တမ်းတိုးပေးဖို့တောင်းဆိုချင်တာပါ'' လို့ EPS အလုပ် သက်တမ်းမတိုးရသေးသူတစ်ဦးကပြောပါတယ်။

သက်တမ်းထပ်တိုးဖို့အတွက် Korean HRD ထံသို့ ပို့ရမည့် လူစာရင်းကို လိုအပ်တဲ့အချက်အလက်တွေကို POEA ရုံကိုတင်ပေးထားပေမဲ့  POEA ရုံက HRD ကိုပြန်ပို့ခြင်းရှိ မရှိကိုတော့ မသိရဘဲ အခုလို အခြေအနေရှိနေတာကြောင့် EPS cancel ထိ  သက်တမ်းမတိုးပေးခံရတဲ့လုပ်သားတွေက POEA ရဲ့ page မှာ  ဆဲဆိုမှုတွေ ဝေဖန် ပြစ်တင်တာတွေ များပြားနေတာလည်း တွေ့ရပါတယ်။

MyanmarLabourNews


Related posts

Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026