NEWS

ကိုရီးယားအလုပ်အကိုင်(EPS) စာမေးပွဲဖြေဆိုရန်လျှောက်ထားသူတစ်သောင်းခန့်အထိရှိလာ

CoverLogo
1.5K Views

ကိုရီးယားသို့သွားရောက်လုပ်ကိုင်မည့်
အလုပ်အကိုင်(EPS) စာမေးပွဲဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူဦးရေ တစ်သောင်းခန့်အထိရှိနေပြီလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) ရဲ့ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

'' EPS-TOPIK စာမေးပွဲ online က လျှောက်ထားသူ Payment No. စာရင်းတွေအရ တစ်သောင်းအထိရှိလာပြီ။ ထုတ်ဝေတဲ့စရင်းပါသူတွေက ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၃ရပ်ကွက်၊ ပင်လုံခန်းမ ၁၈-၇-၂၀၂၂ ရက်နေ့ စာမေးပွဲမှတ်ပုံတင်ကြေး ၂၄ ဒေါ်လာ သွင်းရမယ်''လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့်နီးစပ်သူတစ်ဦးက ဆိုပါတယ်။

စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ​တွေအနက်စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းခွင့်ရသူတွေစာရင်းကို  ဇူလိုင် ၁၇ရက်အထိ မှတ်ပုံတင်ကြေးပေးသွင်းရမယ့်သူဦးရေ တစ်ရက် ၂,၀၀၀ နှုန်းဖြင့် POEAက အမည်စာရင်းကို ထုတ်ပြန်နေခြင်းဖြစ်ရာ ဇူလိုင်၁၇ရက်အထိလျှောက်ထားသူဦးရေ တစ်သောင်းအထိရှိလာခြင်းဖြစ်ပါတယ်။

"ထပ်ပြီးထုတ်ပြန်ဖို့​တွေကျန်သေးတယ်။  တချို့မလျှောက်ရသေးတာတွေရှိတယ်။ခုထိအမည်စာရင်းမကျလာသေးတာတွေလည်းရှိနေသေးတယ် "လို့ EPSစာမေးပွဲဖြေဆိုဖို့ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ ဇူလိုင် ၂၃ရက်နောက်ဆုံးထား လျှောက်ရမယ်လို့ POEAကထုတ်ပြန်ထားပေမဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက် ထားရာမှာနည်းပညာပြဿနာကြောင့် လျှောက်ထားခွင့်  သုံးရက်မရခဲ့တဲ့အတွက် အစားထိုးလျှောက်ထားခွင့်ထပ်တိုးပေးစေလိုတယ်လို့လည်း EPSစာဖြေဆိုဖို့ပြင်ဆင်နေသူများက POEA ဖေ့ဘွတ်ခ်စာမျက်နှာအောက်မှာ ဝင်ရောက် ပြောဆိုနေကြခြင်းလည်းဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026