NEWS

ကိုရီးယားအလုပ်အကိုင်(EPS)စာမေးပွဲ လျှောက်ထားသူ ၃၇,၀၀၀ ကျော် အထိရှိ၊ လျှောက်ထားသူရဲ့ ၄ ပုံ ၁ ပုံခန့်သာ အောင်မြင်နိုင်မှာဖြစ်

CoverLogo
5.4K Views

တောင်ကိုရီးယားသို့ သွားရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်(EPS)စာမေးပွဲ ဖြေဆိုဖို့လျှောက်ထားသူ ဦးရေဟာ ၃၇,၀၀၀ ကျော်ရှိပြီလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) ရဲ့ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

'' EPS-TOPIK စာမေးပွဲ online က လျှောက်ထားသူ  Payment No. စာရင်းတွေအရ သုံးသောင်းခုနှစ်ထောင်ကျော်အထိရှိလာပြီ။ ဒီလူတွေက ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံခန်းမ မှာ  စာမေးပွဲမှတ်ပုံတင်ကြေး ၂၄ ဒေါ်လာ သွင်းရမယ် ဒီနေ့ ဇူလိုင် ၃၀ ရက်နောက်ဆုံးကြေငြာထားတယ်''လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ နှင့်နီးစပ်သူတစ်ဦးက ဆိုပါတယ်။

စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူတွေအနက်စာမေးပွဲ ေဖြဆိုခွင့်ရရှိသူစာရင်းနဲ့ 
ဖြေဆိုဖို့မှတ်ပုံတင်ကြေးပေးသွင်းရမည့်သူ စာရင်းများကို   POEA က အမည်စာရင်း ဆက်တိုက်ထုတ်ပြန်နေလျက်ရှိပြီး  လျှောက်ထားသူတွေရဲ့  ၃၇,၄၃၈ ဦးရှိပြီလို့ ဖော်ပြထားတာဖြစ်ပါတယ်။

အခုကျင်းပမယ့် EPSစာမေးပွဲကို ၀င်ရောက်ဖြေဆိုရန် ကုန်ထုတ်လုပ်ငန်းအတွက် နှစ်သောင်းခွဲကျော်ခန့် ဖောင်တင်ထားပြီး  ဆောက်လုပ်ရေးလုပ်ငန်းအတွက် ငါးထောင်ကျော်ခန့်  စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် လေး​ထောင်ကျော်ခန့် လျှောက်လွှာတင်ထားတယ်လို့  အဲဒီစာမေးပွဲဖြေဖို့စောင့်ဆိုင်းနေသူတွေက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် EPS စာမေးပွဲဖြေဆိုစေပြီး ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အလုပ်သမားဦးရေ ၇၀၄၅ ဦးနှင့် ဆောက်လုပ်ရေးနဲ့စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍအတွက် ၂၀၈၀ ဦးခေါ်ယူသွားမည်ဖြစ်ရာအဲဒီစာမေးပွဲမှာ အောင်မြင်မှုပေးမယ့်အရေအတွက်ဟာ ဦးရေ ၁၀,၀၀၀နီးပါး ရှိမယ်လို့ POEAက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်လက်ရှိဖြေဆိုမဲ့ အရေအတွက်အရ ဖြေဆိုသူ လေးပုံတစ်ပုံလောက်ကသာ အောင်မြင်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီစာမေးပွဲတောင်ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS)ဝင်ရောက် ဖြေဆိုမည့်သူများအနေဖြင့် စာမေးပွဲမှတ်ပုံတင်ကြေးတွေကို ဇူလိုင်၃၀ ရက်နောက်ဆုံးထားပေးသွင်းရမယ်လို့လည်း ကြေငြာထားပါတယ်။

 


Related posts

Cover
Casico Garment Limited စက်ရုံ အချိန်ပိုအလွန်အကျွံခေါ်ခိုင်း၊ အလုပ်သမားများအား ဆဲဆို ခွဲခြားဆက်ဆံ
Jun 17, 2025
Cover
Rong da အထည်ချုပ် စက်ရုံ တောင်းဆိုမှု ညှိနှိုင်းနေဆဲ
Jun 17, 2025
Cover
Rongda အထည်ချုပ် စက်ရုံ တောင်းဆိုမှု ပြုလုပ်
Jun 17, 2025
Cover
မြန်မာတစ်ဦး နေရပ်ပြန်ပို့ရန် မိသားစုဝင်များနှင့် အဆက်သွယ်မရဖြစ်နေ
Jun 17, 2025
Cover
FOA ချိုးဖောက်တဲ့အပေါ် ဖြေရှင်းပေးဖို့ Dishang Fashion (Myanmar) အလုပ်သမားတွေဆန္ဒဖော်ထုတ်
Jun 17, 2025
Cover
Rum Yang အထည်ချုပ်စက်ရုံလုပ်သားများ အား တိုင်းဦးစီးခြိမ်းခြောက်၊ တောင်းဆိုမှု ရပ်တန့်
Jun 16, 2025
Cover
Dong Chen Handbag စက်ရုံမှူး ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ကြီးကြပ်ရေးမှူးများမှ ဆဲဆို ခိုင်းစေ
Jun 16, 2025
Cover
Mai Yi Bei (Yangon) အော်စူပါ လာဘ်ယူ အလုပ်ခန့်၊ အလုပ်သမားလစာပါ ဖြတ်ယူ
Jun 16, 2025