NEWS

ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား

CoverLogo
573 Views

ကိုရီးယားနိုင်ငံ ချွန်နမ်ပြည်နယ် အာဆန်မြို့ရှိ  စက်ရုံတစ်ရုံမှာ  ဝင်ရောက်လုပ်ကိုင်နေတဲ့  မြန်မာအလုပ်သမားတစ်ဦးဟာ မနေ့ကဒီဇင်ဘာ ၁၂ရက်မှာ  မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။  

အဆိုပါ  မြန်မာအလုပ်သမားဟာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရုံးလေးပင်ကျေးရွာ မှ အသက် ၂၀ အရွယ် ကို --- ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ည ၁၂နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာလို့ ကိုရီးယားက မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ကွယ်လွန်သူအလုပ်သမားဟာ  ည ၉ နာရီအချိန်အထိ အချိန်ပို ဆင်းပြီးနောက် မိမိအခန်းကို ပြန်ရောက်မလာတာကြောင့်  အခန်းအတူနေ မြန်မာအလုပ်သမား သူငယ်ချင်းက လိုက်လံစုံစမ်း ရှာဖွေရာ ကို ----အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံနေရာမှာ မိမိကိုယ်ကို အဆုံးစီရင်ထားတာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

"ခုဆိုရင် မြန်မာလူမျိုးတွေလည်း ကိုယ့်ကိုကိုယ်အဆုံးစီရင်တာတွေ တွေ့လာရတယ်။ ကိုရီးယားမှာက အလုပ်ရှင်နဲ့အဆင်မပြေရင် အတော်ဆိုးပါတယ်။ ဖိအားတွေလည်းအများကြီးပါ။ စိတ်ညစ်စရာတွေဖိအားတွေ  ခွဲခြားဆက် ဆံခံရတာတွေအများကြီးပါ ဒါကိုတောင့်ခံနိုင်မှရမှာပါ။ ကျွန်တော်တို့ကိုယ်တိုင်ကို တစ်လတစ်ကြိမ်လောက်က ငါသေသွားရင်ကောင်းမယ်လို့ ရွတ်မိပါတယ်။ ခုဆိုရင် ဘယ်လောက်တောင် စိတ်ညစ်နေလို့များ ဒီအလုပ်ရှင်ရဲ့စက်ရုံထဲမှာပဲ အဆုံးစီရင်သွားတယ်မသိဘူး။ အသက်ကအရမ်းငယ်တယ်။ ရောက်လာတာကလည်းတစ်နှစ်တောင်မပြည့်သေးဘူး စိတ်မကောင်းဖြစ်မိပါတယ်"လို့ မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။  

မိမိကိုယ်ကို အဆုံးစီရင်မှုပြုထားသည်ကို တွေ့ရှိခဲ့ရပြီး  မြန်မာလုပ်သားများက စက်ရုံ တာဝန်ရှိသူများထံ ဖုန်းဆက်အကြောင်းကြားပြီးနောက် စက်ရုံကိုရောက်ရှိကာ ရဲစခန်းကို ဖုန်းဆက် တိုင်ကြားလိုက်ရာ ရဲဝန်ထမ်းများ ရောက်လာပြီး အလောင်းကို စစ်ဆေးပြီး အအေးခန်းကို ပို့ထားတယ်လို့သိရပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိရဲဝန်ထမ်းများက  အလောင်းကိုထပ်မံစစ်ဆေးပြီးနောက် သင်္ဂြိုဟ်ခွင့်ပြုတဲ့အခါ နာရေးကိစ္စဆောင်ရွက်သွားမယ်လို့သိရပြီး မြန်မာအလုပ်သမားကို----- ကိုရီးယားကို ရောက်ရှိလုပ်ကိုင်နေတာ  ၇ လ ခန့်သာရှိသေးကာ အလွန်စကားနည်းသူလည်း ဖြစ်သလို စက်ရုံတွင်းပြဿနာနဲ့ အခက်အခဲများနဲ့ပတ်သက်ပြီး တိတိကျကျ မသိရသေးဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026