NEWS

ကိုရီးယား‌ရောက် မြန်မာတွေ တံဆိပ်တုံးအတုနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေကို အရေးယူမယ်လို့သံရုံးထုတ်ပြန်

CoverLogo
566 Views

ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ တံဆိပ်တုံးအတုနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးထားတာတွေရှိပါက အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကထု တ်ပြန်အသိပေးထားပါတယ်။ 

 

နိုင်ငံကူးလက်မှတ်တွေရဲ့ တရားဝင်မှုဟာ ကိုင်ဆောင်အသုံးပြုသူတွေရဲ့ အခန်းကဏ္ဍမှ ပါဝင်သလို ကိုင်ဆောင်အသုံးပြုရာမှာလည်း တရားဝင်သက်တမ်းရှိမှုနဲ့ ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ ညီညွတ်မှုရှိဖို့ အရေးကြီးတာဖြစ်တယ်လို့သံရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

 

ကိုရီးယားသမ္မတနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်ပနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေ တရားဝင်မှု ရှိမရှိကို စစ်ဆေးကြပ်မတ်လျက်ရှိရာ တချို့မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေမှာ တံဆိပ်တုံးနှိပ်ပြီး သက်တမ်းတိုးထားတာ တရားဝင်မှုနဲ့ စစ်မှန်မှု ရှိမရှိတို့ကို မြန်မာသံရုံးဆီကို ဆက်သွယ်မေးမြန်းခဲ့တယ်လို့သိရပါတယ်။ 

 

အဲ့ဒီလို မေးမြန်းတဲ့အပေါ် မြန်မာသံရုံးက စိစစ်ရာမှာ တချို့သော နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးရိုက်နှိပ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးထားတာကို တွေ့ရှိရလို့ ကိုရီးယားလဝက တာဝန်ရှိသူတွေက အဲဒီလို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေကို လေဆိပ်ကထွက်ခွာခွင့်ကို ငြင်းပယ်ပြီး ထိန်းသိမ်းခဲ့တဲ့ဖြစ်စဥ်က မကြသေးမီကာလမှာ ဖြစ်ပေါ်ခဲ့ရာ မြန်မာသံရုံး အနေနဲ့ လိုအပ်တဲ့ ကောင်စစ်ဝန်ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးခဲ့ရသေးတယ်လို့ဆိုပါတယ်။ 

 

ဒါကြောင့် ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားဝင်နည်းလမ်းနဲ့ သက်တမ်းတိုး ဆောင်ရွက်ကြဖို့ အရေးကြီးပြီး မလိုလားအပ်တဲ့ အခက်အခဲတွေ မဖြစ်ပေါ်စေဖို့နဲ့ ဥပဒေအရ အရေးယူခံရတာ မဖြစ်ပေါ်စေဖို့အတွက် သတိပြုဆောင်ရွက်ကြဖို အသိပေးထားတာလည်းဖြစ်ပါတယ်။ 

 

"တံဆိပ်တုံးအတုတို့တရားဝင်တယ်မဝင်ဘူးတို့ ထုတ်ပြန်တာက သူတို့အသိပေးတာလို့ထင်တယ်။သံရုံးသွားပြီး သက်တမ်းတိုးရင်တော့ကြာတာစောင့်ရတာခက်ခဲတာရှိတော့ ဒီကြားထဲ ပွဲစားနဲ့လုပ်ရင်းပွဲစားအတုမိကြတာထင်တယ်။ တကယ်က တစ်ချို့အဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောနေကြတာကကိုရီးယားနိုင်ငံထဲမှာရောက်နေတဲ့နိုင်ငံခြားသားတွေရဲ့ immigration ဟာ ကိုရီးယားနိုင်ငံနဲ့ဘဲဆိုင်တယ် မြန်မာသံရုံးအလုပ်က အဲ့နိုင်ငံမှာကိုယ့်နိုင်ငံသားဒုက္ခရောက်ရင်ကူညီပေးဖို့ အခုက ကိုယ့်နိုင်ငံသားကို မကူညီတဲ့အပြင်လည်ပင်းညစ်ချင်ပြီး immigration ကိစ္စပါဝင်ပါနေတာ သူများနိုင်ငံပြည်တွင်းရေးဝင်စွတ်နေတာလို့မြင်တယ်ဆိုပြီးပြောနေကြတာပဲ။သက်တမ်းတိုးတဲ့အခါလည်းတစ်ဦးနဲ့တစ်ဦးတော့မတူကြဘူးပေါ့။ခက်ခဲသူကခက်ခဲပေမယ့် ၊လွယ်တဲ့သူကလည်းလွယ်သွားတာပါပဲ"လို့ တောင်ကိုရီးယားမှာ ရောက်ရှိနေတဲ့ မြန်မာတစ်ဦးကပြောပါတယ်။

 

ဒါ့ပြင် တရားမဝင် တံဆိပ်တုံး အတုအပ အသုံးပြုနေသူ တွေကိုလည်း ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် ကိုရီးယားအာဏာပိုင်များနဲ့ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုထားပါတယ်။ 

 

လက်ရှိမှာ ကိုရီးယားနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးလုပ်သားအရေအတွက်အနေနဲ့က ၉၀၀၀၀ ခန့်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်တွေအရသိရှိရပါတယ်။ 

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026