NEWS

ကိုရီးယားရောက်မြန်မာများ ပတ်စပို့ကို ကြိုတင်သက်တမ်းတိုးရန် မြန်မာသံရုံး အသိပေး

CoverLogo
12 Views
 
တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စပို့)ကို သက်တမ်းမကုန်ခင် ကြိုတင်သက်တမ်းတိုးထားဖို့ မြန်မာသံရုံး(ဆိုလ်းမြို့)က ဇန်နဝါရီ ၆ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုသူ တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် ကို သက်တမ်းကုန်ဆုံးမယ့် ရက်မတိုင်မီ (၆) လအတွင်း သက်တမ်းတိုးလျှောက်ထားတာကို ကြိုတင်ဆောင်ရွက်သွားနိုင်တယ်လို့အသိပေးထားပါတယ်။
 
အချို့သော သူတွေက အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းလွန်ပြီးမှသာ သက်တမ်းတိုး လာရောက်လျှောက်ထားတဲ့ အတွက် သက်တမ်းပြတ်တောက်မှု ကို ပြန်လည်စိစစ်နေရခြင်း၊ဒဏ်ကြေးငွေကောက်ခံရခြင်းစတဲ့ မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှု တွေ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
 
ဒါကြောင့် တောင်ကိုရီးယား နိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် ကို သက်တမ်းကုန်ဆုံးမယ့် ရက်မတိုင်မီ ၆ လကြိုတင်၍ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းစုံလင်စွာ ဖြင့် သက်တမ်းတိုးဆောင်ရွက်ဖို့ အသိပေးကြေညာထားပါတယ်။

Related posts

Cover
အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၇ဦး နစ်နာကြေး ဘတ် ၄ သိန်း ခန့်ရရှိ
Jan 11, 2026
Cover
မလေးရှားသွားဖို့ ဘတ် ၅သောင်းကျော် ပေးခဲ့ရသည့် မြန်မာလုပ်သား ၂၀ ထိုင်းနိုင်ငံ အုန်းခြံထဲတွင် ပွဲစားလာမခေါ်လို့ အဖမ်းခံရ
Jan 11, 2026
Cover
မြန်မာလုပ်သားများကို ငွေညှစ်သည့် ထိုင်းရဲ တိုင်ကြားခံရ
Jan 11, 2026
Cover
တိုင်းရင်းသူ ၃ဦးကို အလုပ်ရမည်ဟု လိမ်ခေါ်ပြီး တရုတ်အမျိုးသားထံ ပြည့်တန်ဆာအဖြစ် ရိုက်နှက်ကာ အဓမ္မစေခိုင်း
Jan 10, 2026
Cover
ပွဲစားခ ဘတ်တစ်သောင်းဝန်းကျင်ပေးခဲ့ရသည့် မြန်မာလုပ်သား ၅၀ကျော် လုပ်သက် ရှစ်လဝန်းကျင်တွင် အလုပ်ထုတ်ခံရ
Jan 10, 2026
Cover
ဆိုင်ကယ် စီးလာသည့် မြန်မာလုပ်သား ၂ဦး ကို လမ်းကြောင်းမှားဝင်လာသည့် ကားမှ ဝင်တိုက် ၁ ဦးသေဆုံး
Jan 10, 2026
Cover
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အထောက်အထားမဲ့ မြန်မာလုပ်သား၈ဦး နှင့် အလုပ်ရှင် အဖမ်းခံရ
Jan 10, 2026
Cover
ပွဲစားခ ဘတ်၂သောင်း ပေးပြီး အလုံပိတ်ကားဖြင့် ခိုးဝင်လာရသည့် မြန်မာလုပ်သား၂၅ဦး အဖမ်းခံရ
Jan 09, 2026