NEWS

ကိုရီးယားကို EPS စနစ်ဖြင့် သွားရောက်သူများ မိသားစု လွှဲပို့ငွေ အထောက်အထား ပေးပို့ရန်အသိပေး

CoverLogo
443 Views
 
၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လအတွင်း ကိုရီးယားကို EPS စနစ်နဲ့ သွားရောက်အလုပ်လုပ် သူတွေ အနေနဲ့ မိသားစု လွှဲပို့ငွေ အထောက် အထား ပေးပို့ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ( POEA ) က အသိပေးထားပါတယ်။
 
စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်း တောင်ကိုရီးယားကို EPSစနစ် နဲ့ သွားရောက်တဲ့ လုပ်သားတွေ အနေနဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထား ကို ယခု ဇူလိုင်လ အတွင်း ပေးပို့ရမယ်လို့ POEAက အသိပေး ထုတ်ပြန်ထားပါတယ်။
 
ပြည်ပ ကို တရား၀င် သွားရောက် အလုပ်လုပ်ကိုင်တဲ့ လုပ်သားတွေ အားလုံးဟာ လုပ်ခလစာရဲ့ ၂၅ရာခိုင်နှုန်း ကို လစဉ် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တရားဝင် ဘဏ်တွေကတစ်ဆင့် မိသားစုထံ မဖြစ်မနေ လွှဲပို့ပေးရမှာ ဖြစ်ကာ လွှဲပို့ထားတဲ့ အထောက်အထားများကိုလည်း မိမိကို ပို့ဆောင်ပေးတဲ့ လိုင်စင်ရအေဂျင်စီ မှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပို့ဆောင်ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
 
ထို့အတူ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က ပို့ဆောင်ပေးတဲ့ တောင်ကိုရီးယား နိုင်ငံ EPSစနစ် သွားရောက်တဲ့ လုပ်သားတွေ လည်း မိသားစုလွှဲပို့ငွေ အထောက်အထားတွေ ပို့ဆောင်ပေးရတာ ဖြစ်ပါတယ်။
 
မိသားစုထံ လွှဲပို့ခဲ့တဲ့ ငွေလွှဲအထောက် အထားတွေကို POEA ရဲ့ VIBER နံပတ်ထံ ပေးပို့ကြရမှာ ဖြစ်ပြီး၊ ငွေလွှဲပို့တဲ့ အထောက်အထား SCREEN SHOT ၊ ပေးပို့သူ ရဲ့ နိုင်ငံကူးလက်မှတ်အမှတ်နဲ့ မြန်မာနိုင်ငံက စတင်ထွက်ခွာတဲ့ရက် စတာတွေပါ ပေးပို့ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
 
သတ်မှတ်ထားတဲ့ မိသားစုလွှဲပို့ငွေအထောက်အထား ကို မပြ နိုင်ပါက ၎င်း လုပ်သားဟာ ပြည်ပ ပြန်ထွက်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026