NEWS

ကိုရီးယားကို ရာသီချိန်လုပ်သားပို့နိုင်ရန်ဆွေးနွေးမှု အဖြေမထွက်သေးပေမဲ့ အလုပ်သမား ၁၂၆ ဦးကျပ်သိန်းထောင်ချီလိမ်လည်ခံရ

CoverLogo
972 Views
 
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများ ရာသီချိန်လုပ်သားအဖြစ်သွားရောက်လုပ်ကိုင်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုအဖြေမထွက်သေးပေမဲ့ မြန်မာအလုပ်သမား ၁၂၆ ဦးဆီကငွေကျပ်သိန်းထောင်ချီလိမ်လည်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
“ကိုးရီးယားက လိုတဲ့ စာရွက်စာတမ်းမြန်မာက မပေးနိူင်ဘူး။ မြန်မာက လိုတဲ့စာရွက်စာတမ်း ကိုရီးယားကမပေးနိူင်ဘူး။ ရာသီလုပ်သားက ကိုရီးယားက မြို့တော်ဝန်အဆင့်လောက်ကလုပ်တာ ခေါ်တာ။ ဥပမာ ရန်ကုန်မြို့ထဲ စိုက်ဧကဘယ်လောက်ရှိ လုပ်သားဘယ်လောက်ခေါ်မယ်ပေါ့။ မြို့တော်ဝန်ကစီစဉ်တာ။ အလုပ်သမားဝန်ကြီးဌာနတွေ လ ဝ က တွေ မလိုဘူး။ မြန်မာက အဲ့လိုစာရွက်တွေပါမှ အလုပ်သမားစေလွှတ်ခွင့်ကပြုတာ။ အဲ့မှာလွဲနေရော။ ဆွေးနွေးတာ ဖြစ်မလာတာတော့အဲ့လိုဘဲ။ စာရွက်စာတမ်းတွေ သူ့ဘက်က ကိုယ်လိုတာမပေးနိုင်။ ဆွေးနွေးနေချိန်လူမစုရဘူး ကိုယ်တိုင်လည်းမစု သူများလည်းမစုခိုင်းရဘူး။ ကိုရီးယားကလည်းပေးမစုဘူး။ အကျိုးအကြောင်းချိတ်ဆက်တွေးရင်လူလိမ်ပြောတဲ့စကားတွေကို နားထောင်တာနဲ့လိမ်တာသိသာပါတယ်။ သွားချင်ဇောတွေကပ်ပြီး သတိမထားကြတာပါ” လို့ ပြည်ပအလုပ်သမားပို့ဆောင်နေသူတစ်ဦးကဆိုပါတယ်။
 
ဒေါ်ချောစုလှိုင်ဆိုသူက တောင်ကိုရီးယားနိုင်ငံကိုရာသီချိန်လုပ်သားအမြန်ပို့ပေးမယ်ဆိုကာ Myint Mo Academy သင်တန်းကျောင်းမှ သင်တန်းသားအလုပ်သမား ၁၂၆ဦး အလုပ်သမားတစ်ဦးလျှင် ငွေကျပ်၂၇ သိန်း ၅သောင်းကျပ်နှုန်းစီဖြင့်လည်းကောင်း ငွေကျပ်၃၂ သိန်းစီဖြင့်လည်းကောင်း ကြိုတင်ရယူထားကာ စာချုပ်ချုပ်ဆိုခဲ့ပြီး ပို့ဆောင်ပေးခြင်းမရှိလို့ ပြန်လည်ဖြေရှင်းပေးဖို့ ရှေ့နေကတစ်ဆင့် အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
 
“ အများကြီးလုပ်စားသွားကြတာ။ ဘာ black list မှ မရှိဘူး။များတယ် ဒါ သင်တန်းကျောင်းတကျောင်းစာဘဲရှိသေးတာ။ အာ့လိုခံရတဲ့ သင်တန်းကျောင်းပေါင်းဘယ်နှကျောင်းရှိမလဲမှမသိတာ။ ကိုရီးယား သင်တန်းကျောင်း ပိုင်ရှင်တွေခေါင်းကိုက်ကြရပြီ။လောဘဇောအရမ်းသွားချင်ဇောကပ်ကြ။ မစဉ်းစားကြတော့ဘူး” လို့ ၎င်းကဆိုပါတယ်။
 
တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားပို့ဆောင်ဖို့ဆွေးနွေးနေပြီဆိုတဲ့ သတင်းထွက်ပေါ်လာချိန်ကစလို့ ရာသီချိန်လုပ်သားပို့ဆောင်ပေးမယ်ဆိုပြီးလူစုဆောင်းကာ ငွေကြေးလိမ်လည်မှုတွေဟာ နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့တာလည်းဖြစ်သလို ရာ သီချိန်လုပ်သားခေါ်ယူမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာအစိုးရရဲ့သတင်းထုတ်ပြန်ချက်မရှိမချင်း ငွေကြိုပေးသွင်းချင်းတွေမပြုလုပ်ဖို့ သတိပေးတာတွေလည်းရှိသလို ရာ သီချိန်အလုပ်သမားခေါ်ယူဖို့ဆွေးနွေးနေဆဲသာဖြစ်ပြီး အတည်မဖြစ်သေးကြောင်း အကြိမ်ကြိမ်သတိပေးတာတွေလည်း လုပ်ခဲ့တယ်လို့အေဂျင်စီတွေကဆိုထားပါတယ်။
 
လက်ရှိအင်တာနက်မှာ ကိုရီးယားမှာရာသီချိန်လုပ်သားခေါ်ယူတယ်ဆိုပြီး လိမ်လည်နေတာတွေအများကြီးရှိနေတဖြစ်ပြီး လက်ရှိငွေကြေးထောင်ချီလိမ်လည်ခံရတာဟာလည်း ပထမဆုံးပေါ်ပေါ်ထင်ထင်ထုတ်လာတာဖြစ်ပေမဲ့ အခြားသောသင်တန်းကျောင်းတွေမှာရော တစ်ဦးတစ်ယောက်ချင်းစီကအလုပ်သမားတွေရော အလိမ်ခံရမှုတွေကများစွာရှိနေနိုင်တယ်လို့လည်း သိရပါတယ်။
လက်ရှိအခြေအနေအရ တောင်ကိုရီယားကို ရာသီချိန်လုပ်သားစေလွှတ်နိုင်ဖို့မှာ နှစ်နိုင်ငံဆွေးနွေးနေကြဆဲဖြစ်ပြီး ကိုရီယားနိုင်ငံရဲ့ရာသီချိန်အလုပ်သမားခေါ်ယူမှုကို ကိုရီးယားအလုပ်သမား၀န်ကြီးဌာနနဲ့ လ၀က လိုဌာနဆိုင်ရာတွေက စီမံတာမဟုတ်ဘဲ မြို့တော်၀န်ရဲ့အစီအစဉ်ဖြင့်ခေါ်ယူတာဖြစ်လို့ မြန်မာဘက်ကလိုအပ်တဲ့စာရွက်စာတမ်းပေးဆောင်နိုင်ခြင်းမရှိသေးဘဲ ဆွေးနွေးမှုအခြေအနေမှာသာရှိနေသေးသလို ဆွေးနွေးနေစဉ်မှာလည်း အလုပ်သမားစုဆောင်းခွင့်မရှိဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ တောင်ကိုရီယားသို့ရာသီချိန်လုပ်သားခေါ်ယူနေတယ်ဆိုကာ စာရွက်စာတမ်းများဖြင့် ငွေကြေးလိမ်လည်မှုတွေပိုမိုများပြားလာသလို ရာသီချိန်လုပ်သားခေါ်ယူနေပြီဆိုတဲ့လိမ်လည်ခေါ်ယူမှု တွေဟာလည်း ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစတင်ပြီး လက်ရှိအချိန်ထိလိမ်လည်မှုတွေ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလိုရာသီချိန် လုပ်သားစေလွှတ်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာကိုရီးယား သံရုံးက မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများ စေလွှတ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်စာရွက်စာတမ်းများ အင်တာနက်ပေါ်တွင် ဖြန့်ဝေနေကြောင်း အတည်ပြုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ စာရွက်စာတမ်း သတင်းအချက်အလက်များသည် ကိုရီးယားအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့နှင့် သက်ဆိုင်မှုမရှိပါကြောင်းနှင့် ကိုရီးယားအစိုးရမှ မြန်မာနိုင်ငံရှိ ရာသီချိန်အလုပ်သမားများနှင့် ပတ်သက်သည့် မည်သည့် ကြေငြာချက်ကိုမျှ ထုတ်ပြန်ကြေငြာထားခြင်းမရှိပါကြောင်း အသိပေးပြောကြားတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါသေးတယ်။
ရာသီချိန်လုပ်သားဟာ ကိုရီးယားဘာသာစကားတတ်မြောက်ထားရန်မလိုသလို ပညာအရည်အချင်းလည်းမလိုဘဲ တစ်နှစ်မှာ ရှစ်လလုပ်ပြီး သုံးလပြန်နားရပြီး အလုပ်သက် တမ်းငါးနှစ်ရှိပြီးပါက အခြားဗီဇာအမျိုးအစားသို့ ပြောင်းလဲရယူနိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026