NEWS

ကိုရီယားဘာသာစကား စာမေးပွဲအောင်မြင်သော်လည်း အလုပ်ရှင်မှ ရွေးချယ်ခြင်း မခံရသူတွေကို အလုပ်လျှောက်လွှာသက်တမ်းတိုးပေးမည်

CoverLogo
408 Views

၂၀၂၃ ခုနှစ်၊ ကိုရီးယားဘာသာအရည်အချင်းစစ် (EPS-TOPIK) စာမေးပွဲ (ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)နဲ့ ဆောက်လုပ်ရေးလုပ်ငန်း) ဖြေဆိုအောင်မြင်ပြီး အလုပ်ရှင်ရွေးချယ်ခံရခြင်း မရှိသေးတဲ့ သူတွေ အတွက်  သက်တမ်းတိုး အလုပ်လျှောက်လွှာ ထုတ်ပေး/လက်ခံခြင်း ဆောင်ရွက်ပေးသွားမယ်လို့အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (အလုပ်သမားညွှန်ကြားမှုဦးစီးဌာန)ကကြေညာထားပါတယ်။

အလုပ်လျှောက်လွှာထုတ်ပေးခြင်းကို သြဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်  တို့မှာ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး အလုပ်လျှောက်လွှာလက်ခံခြင်းကို သြဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ လက်ခံဆောင်ရွက်ပေးမှာဖြစ်တယ်လို့
ဆိုပါတယ်။

လျှောက်လွှာတင်သွင်းလိုသူတွေ အနေနဲ့ မိမိတို့လက်ကိုင်ဖုန်း က တစ်ဆင့် ID/Password ဖြင့်ကြည့်ပြီး ၂၀၂၄ခုနှစ် စက်တင်ဘာ ၃၀ရက် အထိ သက်တမ်းကုန်ဆုံးသူတွေ သာအလုပ်လျှောက်လွှာ တင်သွင်းရမှာဖြစ်ပြီး ၎င်းနေ့ရက် နောက်ပိုင်း သက်တမ်းကုန်ဆုံး သူတွေ ကိုတော့ အလုပ်လျှောက်လွှာသက်တမ်းတိုးရမယ့် နေ့ရက်ကို ထပ်မံကြေညာပေးမယ်လို့ ကြေညာထားပါတယ်။

အလုပ်လျှောက်လွှာ တင်သွင်းလိုသူတွေအနေနဲ့  ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်စာမေးပွဲဖြေဆိုခွင့် ဖြတ်ပိုင်းနဲ့ အတူ ပြသထုတ်ယူရမှာ ဖြစ်ကာ အခြားသတ်မှတ်ထားတဲ့စည်းကမ်း ချက်တွေ ကိုလည်း POEA-EPS လူမှုကွန်ယက်စာမျက်နှာမှာ ကြေညာထားပါတယ်။

အလုပ်လျှောက်လွှာ တင်သွင်းလာသူအားလုံးကိုတော့ ကိုရီးယားသမ္မတနိုင်ငံမှာ သွားရောက်အလုပ် လုပ်ကိုင်ရမယ်ဆိုတာ အာမမခံဘူးလို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကြေညာချက်မှာ ရေးသားထားပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026