NEWS

ကိုရီယားကို EPS စနစ်ဖြင့် သွားရောက်မယ့် အမျိုးသားလုပ်သားများ အသက်ကန့်သတ်ချက်မရှိဟုဆို

CoverLogo
331 Views

ပြည်ပကို သွားရောက် အလုပ်လုပ်မယ့် အမျိုးသား လုပ်သား တွေ ကိုစစ်ကောင်စီက  အသက်ကန့်သတ်ထားပေမယ့် ကိုရီးယားနိုင်ငံ ကို EPS စနစ် နဲ့ သွားရောက်မယ့် အမျိုးသား လုပ်သားတွေကိုတော့အသက်ကန့်သတ်ထားတာမရှိဘူးလို့အေဂျင်စီအသိုင်းဝိုင်းနဲ့ကိုရီးယားသင်တန်းကျောင်းတွေ မှ သိရပါတယ်။

အစိုးရ အချင်းချင်း G to G ပို့တာဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ ပြည်ပထွက် အလုပ်လုပ်သူ အမျိုးသားတွေရဲ့ အသက်ကန့်သတ်ချက်ထဲ မပါရှိတာလို့ ဆိုပါတယ်။

"ကိုရီးယား EPS စနစ်နဲ့ ပိုတဲ့ (E9)ဗီဇာ သမားတွေ က G to G မို့ အမျိုးသား လုပ်သား တွေ ကို အသက်ကန့်သတ်ထားတာမရှိဘူး အသက် ၁၈ ကနေ ဟိုဘက်လုပ်ငန်းရှင်ကခေါ်တဲ့ အသက်အထိ သွားလို့ရတယ်။ ကိုရီးယား ချင်း အတူတူ ကို E7 ဗီဇာ က  လိုင်စင်ရအေဂျင်စီကနေ ပို့တာမို့ အမျိုးသားတွေ အသက်၂၃ ကနေ ၃၁အထိ က သွားလို့မရဘူး"လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန က ယခု ၂၀၂၄ ခုနှစ် ၂၀၂၄ မေလ က စပြီး  အမျိုးသား လုပ်သားတွေ ကို အသက် ၂၃နှစ်ကနေ အသက် ၃၁အထိ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ထားခဲ့ ခြင်း ဖြစ်ကာ အဆိုပါ အသက်ကန့်သတ်တဲ့ အထဲ မှာတော့ အစိုးရအချင်းချင်း ချိတ်ဆက်ပို့တဲ့ EPS စနစ် နဲ့ ကိုရီးယားသွားရောက်မယ့်သူတွေ မပါရှိဘူးလို့ သိရပါတယ်။

အခုလို အသက်ကန့်သတ်ချက် မရှိတဲ့ အတွကိ ကိုရီးယား Employment Permit System (EPS) စနစ် နဲ့ သွားရောက် အလုပ်လုပ် လိုသူတွေ ပိုများလာတယ်လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းတွေမှ သိရပါတယ်။ လက်ရှိ မှာ EPS စနစ် နဲ့ ကိုရီးယား နိုင်ငံ ကို အမျိုးသား လုပ်သားတွေသာမက အမျိုးသမီး လုပ်သားတွေပါ ခေါ်ယူလာတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025