NEWS

ကိုရီယားကို EPS စနစ်ဖြင့် သွားရောက်မယ့် အမျိုးသားလုပ်သားများ အသက်ကန့်သတ်ချက်မရှိဟုဆို

CoverLogo
442 Views

ပြည်ပကို သွားရောက် အလုပ်လုပ်မယ့် အမျိုးသား လုပ်သား တွေ ကိုစစ်ကောင်စီက  အသက်ကန့်သတ်ထားပေမယ့် ကိုရီးယားနိုင်ငံ ကို EPS စနစ် နဲ့ သွားရောက်မယ့် အမျိုးသား လုပ်သားတွေကိုတော့အသက်ကန့်သတ်ထားတာမရှိဘူးလို့အေဂျင်စီအသိုင်းဝိုင်းနဲ့ကိုရီးယားသင်တန်းကျောင်းတွေ မှ သိရပါတယ်။

အစိုးရ အချင်းချင်း G to G ပို့တာဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ ပြည်ပထွက် အလုပ်လုပ်သူ အမျိုးသားတွေရဲ့ အသက်ကန့်သတ်ချက်ထဲ မပါရှိတာလို့ ဆိုပါတယ်။

"ကိုရီးယား EPS စနစ်နဲ့ ပိုတဲ့ (E9)ဗီဇာ သမားတွေ က G to G မို့ အမျိုးသား လုပ်သား တွေ ကို အသက်ကန့်သတ်ထားတာမရှိဘူး အသက် ၁၈ ကနေ ဟိုဘက်လုပ်ငန်းရှင်ကခေါ်တဲ့ အသက်အထိ သွားလို့ရတယ်။ ကိုရီးယား ချင်း အတူတူ ကို E7 ဗီဇာ က  လိုင်စင်ရအေဂျင်စီကနေ ပို့တာမို့ အမျိုးသားတွေ အသက်၂၃ ကနေ ၃၁အထိ က သွားလို့မရဘူး"လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန က ယခု ၂၀၂၄ ခုနှစ် ၂၀၂၄ မေလ က စပြီး  အမျိုးသား လုပ်သားတွေ ကို အသက် ၂၃နှစ်ကနေ အသက် ၃၁အထိ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ထားခဲ့ ခြင်း ဖြစ်ကာ အဆိုပါ အသက်ကန့်သတ်တဲ့ အထဲ မှာတော့ အစိုးရအချင်းချင်း ချိတ်ဆက်ပို့တဲ့ EPS စနစ် နဲ့ ကိုရီးယားသွားရောက်မယ့်သူတွေ မပါရှိဘူးလို့ သိရပါတယ်။

အခုလို အသက်ကန့်သတ်ချက် မရှိတဲ့ အတွကိ ကိုရီးယား Employment Permit System (EPS) စနစ် နဲ့ သွားရောက် အလုပ်လုပ် လိုသူတွေ ပိုများလာတယ်လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းတွေမှ သိရပါတယ်။ လက်ရှိ မှာ EPS စနစ် နဲ့ ကိုရီးယား နိုင်ငံ ကို အမျိုးသား လုပ်သားတွေသာမက အမျိုးသမီး လုပ်သားတွေပါ ခေါ်ယူလာတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026