NEWS

ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး

CoverLogo
429 Views
 
ထိုင်းနိုင်ငံကိုရောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရကာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးရပါက ခြေတု၊ လက်တု ၊ မျက်လုံး အစားထိုးတာတွေ အခမဲ့ပြုလုပ်ပေးနေတယ်လို့ WAG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း မတော်တဆကြောင့် ကိုယ်လက်အစိတ်အပိုင်း ဆုံးရှုံးသွားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အစားထိုးကုသလိုပါက WAG အလုပ်သမားမဟာမိတ်အဖွဲ့ကတဆင့် ထိုင်းအစိုးရခွင့်ပြုချက်နဲ့ဖွင့်လှစ်ထားတဲ့ ဝန်ဆောင်မှုစင်တာကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းကပြောပါတယ်။
 
"ကျွန်တော်တို့ အခုသွားဆက်သွယ်တော့အလုပ်သမားအနေနဲ့ပကန်ရှိမယ်။အထောက်အထားအချက်အလက်အစုံရှိမယ်ဆိုရင်ကျွန်တော်တိုမြန်မာပြည်သားတွေအနေနဲ့အဲ့ဒီမှာနေထိုင်ခွင့်ပေးတယ်။ခြေတု၊လလက်တုအခမဲ့လုပ်ပေးတယ်။သူကထိုင်းအစိုးရရဲ့တရားဝင်ခွင့်ပြုချက်နဲ့ကိုယ်လက်အင်္ဂါ ဆုံးရှုးသွားတဲ့လူတွေကိုဘဲလုပ်ပေးတဲ့အဖွဲအစည်းပါ ”လို့ ယင်းကပြောပါတယ်။
 
အဆိုပါစင်တာမှာ ကိုယ်လက်အင်္ဂါအစားထိုးပေးတာ အပြင် အလုပ်သမားတွေကို အသက်မွေးဝမ်း ကျောင်း ပညာတွေဖြစ်တဲ့ ဆံပင်ညှပ်ပညာ ၊ ဆိုင်ကယ်ပြင် အစရှိတဲ့ လက်မှုပညာတွေကိုလည်း အခမဲ့သင်ပေး ကာ ပညာတက်မြောက်သင်ယူပြီး နေရပ်မပြန်နိုင်သူတွေကိုလည်း လစာနဲ့ ပြန်လည်အလုပ်ခန့်ထားပေးတယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026