ထိုင်းနိုင်ငံကိုရောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရကာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးရပါက ခြေတု၊ လက်တု ၊ မျက်လုံး အစားထိုးတာတွေ အခမဲ့ပြုလုပ်ပေးနေတယ်လို့ WAG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
လုပ်ငန်းခွင်အတွင်း မတော်တဆကြောင့် ကိုယ်လက်အစိတ်အပိုင်း ဆုံးရှုံးသွားရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အစားထိုးကုသလိုပါက WAG အလုပ်သမားမဟာမိတ်အဖွဲ့ကတဆင့် ထိုင်းအစိုးရခွင့်ပြုချက်နဲ့ဖွင့်လှစ်ထားတဲ့ ဝန်ဆောင်မှုစင်တာကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းကပြောပါတယ်။
"ကျွန်တော်တို့ အခုသွားဆက်သွယ်တော့အလုပ်သမားအနေနဲ့ပကန်ရှိမယ်။အထောက်အထားအချက်အလက်အစုံရှိမယ်ဆိုရင်ကျွန်တော်တိုမြန်မာပြည်သားတွေအနေနဲ့အဲ့ဒီမှာနေထိုင်ခွင့်ပေးတယ်။ခြေတု၊လလက်တုအခမဲ့လုပ်ပေးတယ်။သူကထိုင်းအစိုးရရဲ့တရားဝင်ခွင့်ပြုချက်နဲ့ကိုယ်လက်အင်္ဂါ ဆုံးရှုးသွားတဲ့လူတွေကိုဘဲလုပ်ပေးတဲ့အဖွဲအစည်းပါ ”လို့ ယင်းကပြောပါတယ်။
အဆိုပါစင်တာမှာ ကိုယ်လက်အင်္ဂါအစားထိုးပေးတာ အပြင် အလုပ်သမားတွေကို အသက်မွေးဝမ်း ကျောင်း ပညာတွေဖြစ်တဲ့ ဆံပင်ညှပ်ပညာ ၊ ဆိုင်ကယ်ပြင် အစရှိတဲ့ လက်မှုပညာတွေကိုလည်း အခမဲ့သင်ပေး ကာ ပညာတက်မြောက်သင်ယူပြီး နေရပ်မပြန်နိုင်သူတွေကိုလည်း လစာနဲ့ ပြန်လည်အလုပ်ခန့်ထားပေးတယ်လို့ သိရပါတယ်။