NEWS

ကားတိုက်ခံရသော မြန်မာလုပ်သားအမျိုးသမီး ဒဏ်ရာအပြင်းအထန်ရရှိသော်လည်း တိုက်သည့် ကားပိုင်ရှင် တာဝန်မယူဘူးဟုဆို

CoverLogo
373 Views
 
ထိုင်းနိုင်ငံ လယောင် မြို့ မှာ နေထိုင်တဲ့ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးကို အိမ်စီးကား တစ်စီးမှ ဝင်တိုက်မိ ပြီး ဒဏ်ရာ အပြင်းအထန် ရရှိပေမယ့် ဝင်လာတိုက်သည့်ကားပိုင်ရှင်ဘက်မှနစ်နာကြေးပေးရန်အတွက်တာဝန်ယူမှု မရှိဘူး လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ယာဉ်တိုက်ခံရသူဟာ လယောင်မြို့ရှိ နားကြပ်စက်ရုံမှာ MOUဖြင့် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား မအေးနန္ဒာကျော် ဖြစ်ပြီး ဒီဇင်ဘာ ၂၁ရက်နေ့ ညနေ ၆နာရီ ခန့်မှာ တနင်္ဂနွေနေ့ ညနေဈေးသွားရန် အဆောင်မှ (Bolt)ကားငှားစီးရာ လမ်းတွင် တစ်ဖက် လမ်းမှ အရှိန် လွန် လမ်းကျော် ပြီး မောင်းလာတဲ့ အိမ်စီးကားမှ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် မြန်မာအလုပ်သမား မအေးနန္ဒာကျော်ဟာ ဦးနှောက်သွေးယိုစီးခြင်း၊လက်နှစ်ဖက်ကျိုးခြင်း၊ပါးစပ်ထိခိုက်ခြင်းစတဲ့ ဒဏ်ရာအသီးသီးရရှိပြီး လယောင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
 
၎င်းကို အခင်းဖြစ်ပွားတဲ့ ဒီဇင်ဘာ ၂၁ရက် မှ ယနေ့အထိဆေးကုသမှုခံယူနေဆဲဖြစ်ကာ ဆေးရုံမှ ဦးနှောက်သွေးယိုစီးမှုကိုစောင့်ကြည့်နေဆဲအခြေနေ၊ပါးစပ်ကိုခွဲစိတ်ကုသပြီး လက်နှစ်ဖက်ကိုစတီးရိုးထည့်ရန် ရာထားတယ်လို့ သိရပါတယ်။
ဆေးကုသမှုကုနိကျစရိတ်များကို ပကန်စခွန်နှင့်ရှင်းပေးထားပြီးထိခိုက်နစ်နာမှုအတွက် ဝင်လာတိုက်တဲ့ ကားပိုင်ရှင်ဘက်မှနစ်နာကြေးပေးရန်အတွက်တာဝန်မယူဘူးလို့ ဆိုပါတယ်။
 
ဒါကြောင့် လူနာအတွက်တရားမျှတမှုနှင့်ရသင့်ရထိုက်တဲ့ ကားထော်လော်ဘော်မှနစ်နာကြေးပြန်လည်ရရှိရန်အတွက်ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာတယ်လို့ သိရပါတယ်။
WAGအလုပ်သမား မဟာမိတ်အဖွဲ့ အနေနဲ့ လည်း ဒီဇင်ဘာ၂၇ရက် အမှုကိုလက်ခံခဲ့ကာ လူနာနဲ့ တွေ့ဆုံခဲ့ခြင်း ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
 
ယခုရက်ပိုင်းတွင် ထိုင်းရောက်မြန်မာ အမျိုးသမီး လုပ်သား များ ယာဉ်မတော်တဆမှု ကြောင့် သေဆုံးမှု တွေ ဖြစ်ပေါ်လျက်ရှိရာ ဒီဇင်ဘာ ၂၅ရက် ည က ညဆိုင်းအလုပ်ဆင်းရန် ဆိုင်ကယ် ဖြင့်သွားတဲ့ မြန်မာအလုပ်သမားအမျိုးသမီး ဆယ်ဘီးကားဖြင့် တိုက်မိပြီး သေဆုံးမှုဖြစ်ပွားခဲ့သလို လယောင်မြို့ရှိအီလက်ထရောနစ် စက်ရုံမှ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးဟာ အလုပ်မှအပြန် ဆိုင်ကယ်တိုက်မိရာ ဆေးကုသမှုခံယူရင်း ဒီဇင်ဘာ ၂၆ရက်က သေဆုံးခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026