NEWS

ကာလတိုဗီဇာလျှောက်ထားပြီး အလုပ်လုပ်ကိုင်ပါက ရာဇဝတ်ပြစ်မှုအဖြစ် အပြစ်ပေးခံရနိုင်ဟု ရန်ကုန်ရှိဂျပန်သံရုံးထုတ်ပြန်

CoverLogo
313 Views
 
ဂျပန်နိုင်ငံ သို့ ကာလတိုဗီဇာ လျှောက်ထား ပြီး သွားရောက် ကာ ဝင်ငွေရရှိတဲ့ အလုပ် လုပ်ကိုင်ပါက ဂျပန်နိုင်ငံအတွင်းမှာ ရာဇဝတ်ပြစ်မှုအဖြစ် အပြစ်ပေးခံရနိုင်တယ်လို့ ရန်ကုန်ရှိ ဂျပန် သံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
 
ကာလတိုနေထိုင်ခြင်း ဆိုတာဟာ ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်များအသိအမှတ်ပြုရေးဥပဒေအရ ဂျပန်နိုင်ငံမှာ ကာလတိုနေထိုင် ဆောင်ရွက်ရတဲ့ Sightseeing အလည်အပတ်၊ ကျန်းမာရေးအတွက် အနားယူအပန်းဖြေခြင်း၊ အားကစား၊ ဆွေမျိုးသားချင်း/အသိမိတ်ဆွေထံ အလည်အပတ်သွားခြင်း၊ လေ့လာရေး၊ သင်တန်း သို့မဟုတ် ဆွေးနွေးပွဲ အတွက် တက်ရောက်ခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာဆက်သွယ် ဆောင်ရွက်ခြင်း တို့ အတွက် သာ ဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါကြောင့်ဂျပန်နိုင်ငံမှာ နေထိုင်မည်ဆိုပါက ဝင်ငွေရရှိနိုင်တဲ့ အလုပ်လုပ်ခြင်းများကို လုံးဝခွင့်မပြုဘဲ ချိုးဖောက်ပါက ဂျပန်နိုင်ငံအတွင်းတွင် ရာဇဝတ်ပြစ်မှုအဖြစ် အပြစ်ပေးခံရနိုင်တယ်လို့ အသိပေးထားပါတယ်။
 
ကာလတိုဗီဇာ လျှောက်ထားတာမှာလည်း မှန်ကန်တဲ့ စာရွက်စာတမ်းတွေကိုသာ တင်ပြရန်၊ ဗီဇာ လိမ်လည်လျှောက်ထားတာမျိုး မပြုလုပ်ဖို့အသိပေးထားပြီး စစ်ဆေးတွ့ရှိပါက ဗီဇာထုတ်ပေးမှာမဟုတ်ဘူးလို့ ရန်ကုန်ရှိ ဂျပန်သံရုံးက ကြေညာထားပါတယ်။
 
ဒါ့အပြင် ဗီဇာလိမ်လည်လျှောက်ထားသူနဲ့ လျှောက်ထားမှုကို ကူညီပေးတဲ့ ကုမ္ပဏီအဖွဲ့အစည်း တွေကို နောက်နောင်မှာ လျှောက်ထားလာတဲ့ မည်သည့်ဗီဇာ လျှောက်ထားမှုမျိုးကိုမဆို ယခင်ကမလျော်ကန်တဲ့ လျှောက်ထားမှု ပြုလုပ်ခဲ့ ကြောင်း မှတ်တမ်းဝင်ထားခြင်းရှိပါက ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမယ်လို့ လည်းဆိုပါတယ်။
 
အလုပ်လုပ်ခြင်း၊ ကျောင်းတက်ခြင်းစတဲ့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံသို့ ကာလလတ်၊ ကာလရှည် သွားရောက်ရန်ဆန္ဒရှိသူတွေဟာ ဂျပန်နိုင်ငံ လူဝင်မှုနေထိုင်ခွင့်ကြီးကြပ်ရေးဌာနမှာ ကြိုတင်၍ ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီး မှသာ ဗီဇာလျှောက်ထားရမယ်လို့ ဂျပန်သံရုံးကအကြံပြုထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026