NEWS

ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား

CoverLogo
348 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် SKY သံရုံး (၂) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရိန်းမတော်တဆ ပြိုကျမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ဦး သေဆုံးခဲ့မှုအတွက် ကျန်ရှိတဲ့ နစ်နာကြေး ဘတ် ၁၁သိန်းစီကို နှစ်ပတ်အတောအတွင်း ပေးမယ်ဟုဆိုကာ နှစ်ဖက်လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
 
“ထိုင်းနိုင်ငံလယောင်မြို့ ပုံဒဲင် ရပ်ကွက် SKY သံရုံး ( ၂ ) တွင် (၂၉.၃.၂၀၂၄ ) ရက် ညနေ( ၃:၃၀ ) ခန့်တွင်ကရိန်းပျက်ကျ သဖြင့် အလုပ်သမားတွေရဲ့ တောင်းဆိုမှုကြောင့် ညဘက် ချက်ချင်း ကျွန်တော့်တို့အဖွဲ့ WAG မှ မြန်မာရွေ့ပြောင်းအလုပ်သမား ၆ ဦး ၊ တရုတ် ၁ ဦး စုစုပေါင်း ၇ဦး သေဆုံးသွားသဖြင့် စက်ရုံ မှ ၂၉.၃.၂၀၂၄ ရက် ည ၁၁:၅၅ ခန့်တွင် စက်ရုံမှရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးလျှင် ငွေသားထိုင်းဘတ်ငွေ ၅ သိန်းအား သေဆုံးသွားသော မိသားစုဝင်တွေထန်အားပေးအပ်ခဲ့သည် ၊ ကျန်ရှိသော ၁၁ သိန်းအား၂ပတ်အတောတွင်း တွင်ပေးမည်ဟု နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်”လို့ WAG ကဆိုထားပါတယ်။
 
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် SKY သံရုံး (၂) ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းမတော်တဆ ပြိုကျမှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၆ဦးနှင့် တရုတ်နိုင်ငံသား တစ်ဦး စုစုပေါင်း ၇ဦး သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့အလုပ်သမားတွေဟာ တရား၀င်အလုပ်သမား တွေဖြစ်တယ်လို့လည်း သိရပါတယ်။
 
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်ရုံဖက်က အသက်သေဆုံးသွားတဲ့ အလုပ်သမားတွေအတွက် နစ်နာကြေး ပေးရန် လိုက် လျောပေးခြင်း မရှိခဲ့တာကြောင့် အလုပ်သမားများက တောင်းဆို ဆန္ဒပြခဲ့ရာမှ တစ်ဦးကို နစ်နာကြေး ဘတ် ၁၆ သိန်းစီဖြင့် နှစ်ဖက်ပြေလည်မှု ရရှိခဲ့တယ်လို့ သိရပြီး ကျန်ရှိနေတဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးနစ်နာသွားတဲ့ အလုပ်သမား၁၃ ဦးကိုလည်း ပကန်ဆန်ခွင်ရုံးမှ ဆက်လက်စစ်ဆေးပြီး နှစ်ပတ်အတွင်းနစ်နာ ကြေးပေးမှာဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါညှိနှိုင်းမှုတွေအတွက်နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးမှုကို အဆိုပါအလုပ်သမားတွေ ကိုကူညီဆောင်ရွက်ပေးတဲ့ WAG အဖွဲ့အပါအ၀င် အဖွဲ့အစည်းအားလုံးပါ၀င်လက်မှတ်ရေး ထိုးခဲ့တယ်လို့လည်း သိရပါတယ်။
 
Photo- WAG

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026