NEWS

ကရင်နီဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါသေဆုံး

CoverLogo
511 Views

ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF- ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းမှ သင်တန်းသား တွေ စက်တင်ဘာ ၁၁ ရက်နေ့ ညနေက လေ့ကျင့်ရေးပြုလုပ်စဉ် ချောင်းတစ်ခုကိုဖြတ်ကျော် ရန်ကြိုးစားအားထုတ်ရာ  မတော်တဆဖြစ်ပွားကာ ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါသေဆုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ 

ယင်းမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

စက်တင်ဘာ ၁၀ ရက်ခန့်ကစပြီး မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်လျှက်ရှိကာ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာ လူ ၈ ဦးခန့်၊ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှာ ၁၇ ဦးခန့် နေပြည်တော်က တပ်ကုန်းမြို့နယ် မှာ ၁၉ ဦး စုစုပေါင်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေအရသိပါတယ်။ 

လာမယ့်  စက်တင်ဘာ ၁၃  မှ စက်တင်ဘာ ၁၅ ရက်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်တာကြောင့် နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ တောင်ပြို မြေပြိုခြင်းများသတိပြုဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင် ကြသူများအနေနဲ့  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေလည်း ရေကြီး ရေလျှံမှုများကို ကြိုတင်သတိပြုကြရန်၊ ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားပါတယ်။


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026