NEWS

ကမ္ဘောဒီးယားလုပ်သားများနေရာ မြန်မာ၊ ဗီယက်နမ်၊ လာအိုလုပ်သားများအမြန်အစားထိုးမည်

CoverLogo
145 Views
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုအခြေအနေကြောင့် ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် မှတ်ပုံတင်ခြင်းနှင့် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးခြင်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီး ၎င်းတို့နေရာတွင် မြန်မာ၊ဗီယက်နမ်၊ လာအိုလုပ်သားများ အမြန်အစားထိုးနိုင်ရန်စီစဥ်နေကြောင်းထိုင်းအစိုးရအလုပ်သမားဝန်ကြီး မစ္စစ် ထရီနွတ်ချ် ထီယန်ထောင်းက နိုဝင်ဘာ ၁၁ ရက်မှာပြောကြားခဲ့ပါတယ်။
 
အလုပ်သမားရှားပါးမှုကိုကာကွယ်ရန်အတွက် မြန်မာ၊ ဗီယက်နမ်၊ လာအို အစရှိသည့်သုံးနိုင်ငံမှ အလုပ်သမားများအတွက် မှတ်ပုံတင်ခြင်းကို အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံတွင်း ခိုလှုံနေသော မြန်မာအလုပ်သမား ၄၀,၀၀၀ ခန့်ကိုလည်း ထိုင်းအလုပ်သမားစနစ်အတွင်းသို့ဝင်ရောက်နိုင်ရန်အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်းဝန်ကြီးကပြောကြားခဲ့ပါတယ်။
 
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် မငြိမ်မသက်မှုများအတွင်း ကမ္ဘောဒီးယားလုပ်သားများကို အဓိကထား အလုပ်ခန့်ထားသော စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်သမားရှားပါးမှုသက်ရောက်မှုရှိလာနိုင်သည့်အပေါ် လက်ရှိတွင် အခြားရွေးချယ်စရာလုပ်သားများကို အစားထိုးခန့်အပ်နိုင်ရန်ပြင်ဆင်နေကြောင်းဝန်ကြီးကပြောပါတယ်။
 
ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားအလုပ်သမား ၄၅၀,၀၀၀ ခန့်ရှိပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် သက်တမ်းကုန်ဆုံးသွားသော အလုပ်လုပ်ခွင့်ပါမစ်ရှိသော အလုပ်သမားများ အပါအဝင် တရားမဝင် ကမ္ဘောဒီးယား အလုပ်သမား ၁၀၀,၀၀၀ ခန့် ရှိကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့စစ်တမ်းများအရသိရပါတယ်။
 

Related posts

Cover
ပွဲစားခ ဘတ်၂သောင်း ပေးပြီး အလုံပိတ်ကားဖြင့် ခိုးဝင်လာရသည့် မြန်မာလုပ်သား၂၅ဦး အဖမ်းခံရ
Jan 09, 2026
Cover
CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် ဇန်နဝါရီ ၁၆ ရက် အထိ ရက်ထပ်တိုး ဆောင်ရွက်ပေးမည်ဟု ကြေညာ
Jan 09, 2026
Cover
ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဆိုကာ လူငယ် ၄ ဦး ကျားဖြန့်အလုပ်ရုံသို့ လိမ်လည်ရောင်းစားခံရ
Jan 08, 2026
Cover
အလည်ပတ် ထွက်လာသော မြန်မာနိုင်ငံသား များ စီးလာသည့် ကားတိမ်းမှောက် သဖြင့် ၁၂ဦး ဒဏ်ရာရ
Jan 08, 2026
Cover
မလေးရှား ရှိ တရားမဝင် ဖျော်ဖြေရေးစင်တာတွင် အလုပ်လုပ်နေသော မြန်မာ ၂၀ ဦး အဖမ်းခံရ
Jan 08, 2026
Cover
ပြည်ပသို့ အရေးပေါ်သွားလိုသူများအတွက် ဝန်ဆောင်ခ ကျပ် ၅ သိန်းကျော်ဖြင့် နိုင်ငံကူးလက်မှတ် အမြန်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်
Jan 08, 2026
Cover
ကလေး သုံးယောက်မိခင်ကို အိမ်အကူ လုပ်ရမည်ဟု လိမ်ခေါ်ကာ ရွှေလီမှာ တရုတ်မယား အဖြစ်ရောင်းစား
Jan 08, 2026
Cover
အလှူကပြန်လာသော မြန်မာလုပ်သား ၁၃ဦး စီးနင်းလာသည့်ကား တူးမြောင်းထဲထိုးကျပြီး ၆ ဦးသေဆုံး
Jan 08, 2026