NEWS

ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ

CoverLogo
342 Views
 
ကမ္ဘေားဒီးယား နိုင်ငံ ဆွိုင်းရီယမ်ပြည်နယ် ဗီယက်နမ်နယ်စပ်အနီးက ဘာဗက်မြို့ မှာ ဖွင့်လှစ်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း(ကျားဖြန့်)စခန်းကို ကမ္ဘောဒီးယား အာဏာပိုင်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီးတာမှာ မြန်မာ၁၇၉ဦးအပါအဝင် နိုင်ငံခြားသား ၂၀၀၀ကျော် ဖမ်းခံရတယ်လို့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရသိရပါတယ်။
 
ဇန်နဝါရီ ၃၁ရက်မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၇၀၀ကျော်နဲ့ ဝင်ရောက်စီးနင်းတာ ဖြစ်ပြီး အဖမ်းခံရတဲ့ နိုင်ငံခြားသား ၂,၀၀၀ ကျော်အထဲမှာ တရုတ်နိုင်ငံသား ၁,၇၉၂ ဦး၊ မြန်မာနိုင်ငံသား၁၇၉ဦး၊ဗီယမ်နမ်နိုင်ငံသား ၁၇၇ဦး၊အိန္ဒိယနိုင်ငံသား၃၆ဦး၊နီပေါနိုင်ငံသား၃၀ဦး၊ထိုင်ဝမ်နိုင်ငံသား၅ဦး၊လာအို နိုင်ငံသား၂ဦး၊မလေးရှားနိုင်ငံသား၁ဦးနဲ့ မက္ကဆီကိုနိုင်ငံသား ၁ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
 
အဆောက်အအုံ ၂၂ လုံးပါဝင်တဲ့ ၄င်းနေရာဟာ ကာစီနိုရုံအသွင် ဟန်ဆောင်ထားပေမယ့် တကယ်တမ်းမှာတော့ ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုလို တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတာ ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
အဖမ်းခံရတဲ့ တရုတ်နိုင်ငံသားတွေကို ပေကျင်းအစိုးရ လက်သို့ လွှဲပြောင်းပေးမှာ ဖြစ်ပေမယ်​့ မြန်မာနိုင်ငံသား ၁၇၉ဦးကို မည်သို့ လုပ်ဆောင်မယ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
 
ကမ္ဘောဒီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၇ လအတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း သံသယရှိသူ ၅၁၀၆ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက ၄၅၃၄ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
လက်တလောမှာလည်း စစ်ကော်မရှင်က ကမ္ဘောဒီးယားနိုင်ငံအတွင်း ကအွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာ အကြောင်းအမျိုးမျိုး ကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ၎င်းတို့အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ သတင်းပေးပို့မှု အရ လည်းကောင်းကမ္ဘောဒီးယားရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေ က လွှဲပြောင်းပေးတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးလျက်ရှိကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026