NEWS

ကန်ချနဘူရီတွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ ကျော်အဖမ်းခံရ

CoverLogo
248 Views
 
ထိုင်းနိုင်ငံ ကန်ချနဘူရီ၊ သောင်ဖဖန်ဒေသ တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၄၁ဦး ကို ဇွန်လ ၂၃ရက် မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေ အရသိရပါတယ်။
 
ဇွန်လ ၂၂ရက် ညပိုင်းကတည်းက ထိုင်းနယ်မြေခံ အစိုးရ တာဝန်ရှိ သူတွေက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ကို သယ်ဆောင်လာတဲ့ ယာဉ်တစ်စီး ဝင်ရောက်လာမယ်ဆိုကြောင်း သတင်းကြိုတင်ရတဲ့ အတွက် စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းယာဉ်ကို တားဆီးတာမှာ မရပ်ပေးဘဲ မောင်းပြေးသဖြင့်တာဝန်ရှိသူတွေက လိုက်လံ ဖမ်းဆီးခဲ့ရပြီး နောက်ဆုံးတွင် ကော့နွိုင်းမြစ်ကမ်းစပ် အနီး ဖမ်းမိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်ကိုစစ်ဆေးရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား၃၂ဦး အမျိုးသမီး ၈ဦး ကိုတွေ့ရတယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေကို စစ်ဆေးတဲ့အခါ အမျိုးသား၃၃ဦးမှာ ပွဲစားဆိုသူကို ဘတ် ၅၅၀၀၀ခန့် ပေးရပြီး မလေးရှားသို့သွားရောက်ဖို့ လုပ်ဆောင်ထားကာ အမျိုးသမီး ၈ဦးကတော့ ပွဲစားဆိုသူကို ဘတ် ၁၅၀၀၀ ပေးရပြီး ဘန်ကောက်သို့ သွားရောက်မယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
၎င်းတို့အားလုံးဟာ မြန်မာနိုင်ငံ ရန်ကုန်၊ မော်လမြိုင် တို့ကဖြစ်ပြီး ခချင်နဲ့ဖရာခိုတို့ကနေ ထိုင်းနိုင်ငံနယ်စပ်စွန်ခလာဘူရီခရိုက် ကို ဖြတ်ကျော်လာကြောင်း ထွက်ဆိုထားပါတယ်။ ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၄၁ဦးနဲ့ယာဉ်မောင်းသူတို့ကို သောင်ဖာဖုမ်ရဲစခန်း ကိုပို့ဆောင်ထားတယိလို့ သိရပါတယ်။
 
Ref-Kanchanarburi News

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025