NEWS

ကန်ချနဘူရီတွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ ကျော်အဖမ်းခံရ

CoverLogo
478 Views
 
ထိုင်းနိုင်ငံ ကန်ချနဘူရီ၊ သောင်ဖဖန်ဒေသ တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၄၁ဦး ကို ဇွန်လ ၂၃ရက် မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေ အရသိရပါတယ်။
 
ဇွန်လ ၂၂ရက် ညပိုင်းကတည်းက ထိုင်းနယ်မြေခံ အစိုးရ တာဝန်ရှိ သူတွေက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ကို သယ်ဆောင်လာတဲ့ ယာဉ်တစ်စီး ဝင်ရောက်လာမယ်ဆိုကြောင်း သတင်းကြိုတင်ရတဲ့ အတွက် စောင့်ဆိုင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းယာဉ်ကို တားဆီးတာမှာ မရပ်ပေးဘဲ မောင်းပြေးသဖြင့်တာဝန်ရှိသူတွေက လိုက်လံ ဖမ်းဆီးခဲ့ရပြီး နောက်ဆုံးတွင် ကော့နွိုင်းမြစ်ကမ်းစပ် အနီး ဖမ်းမိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်ကိုစစ်ဆေးရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား၃၂ဦး အမျိုးသမီး ၈ဦး ကိုတွေ့ရတယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေကို စစ်ဆေးတဲ့အခါ အမျိုးသား၃၃ဦးမှာ ပွဲစားဆိုသူကို ဘတ် ၅၅၀၀၀ခန့် ပေးရပြီး မလေးရှားသို့သွားရောက်ဖို့ လုပ်ဆောင်ထားကာ အမျိုးသမီး ၈ဦးကတော့ ပွဲစားဆိုသူကို ဘတ် ၁၅၀၀၀ ပေးရပြီး ဘန်ကောက်သို့ သွားရောက်မယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
၎င်းတို့အားလုံးဟာ မြန်မာနိုင်ငံ ရန်ကုန်၊ မော်လမြိုင် တို့ကဖြစ်ပြီး ခချင်နဲ့ဖရာခိုတို့ကနေ ထိုင်းနိုင်ငံနယ်စပ်စွန်ခလာဘူရီခရိုက် ကို ဖြတ်ကျော်လာကြောင်း ထွက်ဆိုထားပါတယ်။ ဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၄၁ဦးနဲ့ယာဉ်မောင်းသူတို့ကို သောင်ဖာဖုမ်ရဲစခန်း ကိုပို့ဆောင်ထားတယိလို့ သိရပါတယ်။
 
Ref-Kanchanarburi News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026