NEWS

ကန်ချနဘူရီတွင် အထောက်အထားမဲ့ဝင်ရောက်သည့် မြန်မာ ၇၅ဦး အဖမ်းခံရ၊စက်တင်ဘာ ပထမပတ်အတွင်း နယ်စပ်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိလာ

CoverLogo
298 Views
 
 
ထိုင်းနိုင်ငံ ၊ ကန်ချနပူရီပြည်နယ် ၊ ကန်ချနပူရီ-ဘော့ဖလွိုင်းလမ်းတနေရာရှိ တောအုပ်အတွင်း ယာဉ်မောင်းသူတွေ ပစ်ထားခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၅ ဦး ကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
စက်တင်ဘာ ၈ ရက် နေ့လည်ပိုင်းမှာ လူအုပ်စုကြီးတစ်စု တောထဲ မှာ ပုန်းအောင်းနေကြောင်း ဒေသခံ ရွာသားတွေ က တွေ့ရှိတဲ့ အတွက် အာဏာပိုင်တွေထံသတင်းပေးတိုင်ကြားတာကြောင့် သွားရောက်စစ်ဆေးရာ မှ ဖမ်းမိခဲ့ တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
 
တိုင်ကြားတဲ့နေရာကို သွားရောက်စစ်ဆေးချိန်မှာ လည်း မိုးရွာသွန်းနေတဲ့အတွက် မြန်မာလုပ်သားတွေ ကို လာရောက်ခေါ်ဆောင်တယ်လို့ ယူဆရတဲ့ ပစ်ကပ်ကား ၃စီးဟာ မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာလုပ်သား ၇၅ ဦး တွင် အမျိုးသား ၅၂ ဦးနဲ့ အမျိုးသမီး ၂၃ ဦး တို့ ပါဝင်ကာ ဘုရားသုံးဆူဘက်မှလာရောက်ခဲ့ ပြီး ဆန်ခလာပူရီရှိ နယ်စပ်လမ်းကြောင်းက တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာတာလို့ ဆိုပါတယ်။
 
၎င်းတို့ဟာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ် ဖို့ အတွက် ခရီးအကွာအဝေးပေါ် မူတည်ပြီး ပွဲစားခ ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြား ပေးချေခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အပေါ် မြန်မာလုပ်သားတွေက ထွက်ဆိုထားပါတယ်။
 
မြန်မာနိုင်ငံသား ၇၅ ဦး ကို တရားမဝင် ဝင်ရောက်နေထိုင်မှု နဲ့ အရေးယူနိုင် ဖို့ ကန်ချနပူရီ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အထောက်အထားမပါဘဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တဲ့ အတွက် အဖမ်းခံရတဲ့ မြန်မာလုပ်သား မှာ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၈ ရက်အထိ လူဦးရေ ၁၀၀၀ ကျော် ရှိပြီ ဖြစ်တယ်လို့ အဖမ်းခံရတဲ့သတင်းထုတ်ပြန်ချက် စာရင်းတွေအရသိရပါတယ်။
Ref-โจโฉ

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026