NEWS

Dishang fashion အထည်ချုပ်စက်ရုံဝန်ထမ်းများပေးစာ

CoverLogo
2.2K Views

မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊အမှတ် ၉၆၊၉၇ တွင်ဖွင့် လှစ်ထားပြီး Neon & Nylon, Zara,  Only စသည့် Brands များချုပ်လုပ်သော Dishang Fashion အထည်ချုပ်စက်ရုံသည် ၁၇.၁.၂၀၂၂ ရက်နေ့တွင် အလုပ်ဆင်းရသောလူဦးရေ ၉ ဦးနှင့် ၄.၂.၂၀၂၂ ရက်နေ့များတွင် အလုပ်ဆင်းရသောလူဦးရေ ၅ ဦးတို့ကို All Lin ခေါ်ယူခဲ့ပါတယ်။

၄င်းအလုပ်ရှင်သည် ၃.၁.၂၀၂၂ ရက်နေ့အစားကို၂၄.၁၂.၂၀၂၁ ရက်နေ့တွင်ရက်စားဆင်းခိုင်းရာအဲ့ဒီနေ့မလာနိင်သည့် အလုပ်သမားများက ဥပဒေပါခံစားခွင့် တင်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ခွင့်မပေးခဲ့ပါ။

ထိုနည်းတူစွာ အလုပ်ရှင်သည် ၃၀.၁.၂၀၂၂ ရက်နေ့တွင် တနဂ်နွေနေ့ ရက်သတ်တစ်ပတ် ပိတ်ရက် မပေးဘဲ ၁.၂.၂၀၂၂ ရက်နေ့ တရုတ်နှစ်သစ်ကူးရက်ကိုသာ အလုပ်ရှင်မှ ရက်သက်တစ်ပတ် အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပြီး အဲ့ဒီနေ့ လုပ်ငန်းခွင်သို့ မလာနိင်သည့် အလုပ်သမားများက ဥပဒေပါ ခံစားခွင့်များတင်ခဲ့သော်လည်း အလုပ်ရှင်မှ ခွင့်အဖြစ်သတ်မှတ်ပေးခြင်းမရှိခဲ့ပါ။

၆.၂.၂၀၂၂ တနဂ်နွေနေ့ကို အလုပ်ရှင် အိုပါတိုင် ခေါ်ယူခဲ့သောကြောင့် အလုပ်သမားများအလုပ်ဆင်းခဲ့ရပါတယ်။

၁၃.၂.၂၀၂၂ တနဂ်နွေနေ့ရက်ကို အလုပ်ရှင်မှအိုဗာတိုင် ထမ်မံ အလုပ်ဆင်းရန် အလုပ်ရှင်မှကြေညာခဲ့ခြင်းများပြုလုပ်နေပါတယ်။

စက်ရုံတွင် နေ့စားအလုပ်သမားများလည်းခေါ်ယူထားပါတယ်။ ထိုနေ့စားဝန်ထမ်း များမှာ ၃ လကျော် ၄ လလုပ်ရက်ရှိနေပြီး ဖြစ်ပါသော်လည်း အမြဲတမ်းဝန်ထမ်း မခန့်အပ်သေးပါ။

အဆိုပါကိစ္စရပ်များသည် အလုပ်သမားများရဲ့ ရသင့်ရထိုက်သည့် ဥပဒေပါအခွင့်အရေးများချိုးဖောက်ခံနေရခြင်းများ ဖြစ်သောကြောင့် ပေးစာကဏ္ဍကနေ ဖော်ပြပေးရန် မေတ္တာ ရပ်ခံပါတယ်။

အလုပ်သမားများ


Related posts

Cover
SEN YU အလုပ်သမားများ တောင်းဆိုမှု အားလုံး နီးပါး ရရှိပြီး လုပ်ငန်းခွင် ပြန်ဝင်
Apr 27, 2025
Cover
မန္တလေးက JLPT စာမေးပွဲ ရန်ကုန်တွင် ဖြေဆိုရမည်
Apr 27, 2025
Cover
လုပ်ငန်းခွင်အတွင်းချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေတောင်းဆို
Apr 27, 2025
Cover
SEN YU စက်ရုံအလုပ်သမားများ အလုပ်ပိတ်ရက် ဒေးကြးပေးဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထား
Apr 25, 2025
Cover
GTP Goldan Theparerg အထည်ချုပ် မန်နေဂျာမှ ခြိမ်းခြောက် အလုပ်ထုတ်
Apr 25, 2025
Cover
SEN YU စက်ရုံတွင် အလုပ်ဆင်းရက် နှင့်အလုပ်ပိတ်ရက် ဒေးကြေးတန်းတူပေးရန် တောင်းဆိုနေ
Apr 24, 2025
Cover
သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ နီးပါး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Apr 24, 2025
Cover
XING YUAN (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေ
Apr 24, 2025