NEWS

လုပ်ငန်းခွင်အတွင်း ကိုယ်လက်အဂ်ါထိခိုက်ခဲ့တဲ့အမျိုးသမီးငယ်ကိုငွေ ၂ သောင်း ပေးပြီး အလုပ်ထုတ်

CoverLogo
1.5K Views

ပြီးခဲ့တဲ့၂၀၂၁ခု နှစ်ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (ဝါးတစ်ရာ စက်မှုဇုန်) (RONG DA GARMENTS)MYANMAR CO.LTD(ရုံးသာ)အထည်ချုပ်စက်ရုံမှာလုပ်ငန်းခွင်အတွင်းကိုယ်အင်္ဂါထိခိုက်မှုတခုဖြစ်ပွားခဲ့တဲ့အမျိုးသမီးငယ်ကိုစက်ရုံကငွေ(၂၀၀၀၀)သာပေးပြီးအလုပ်ထုတ်ပစ်ခဲ့တယ်လို့ Federation of General Worker-Myanmar ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဖြစ်စဥ်မှာ အလုပ်သမားအမျိုးသမီးငယ်တစ်ဦးသည် အထည်ကိုစက်ထဲသို့ ထည့်နေစဥ် လေပေါင်ကျပြီး စက်ကလည်း အော်တိုပြန်ကျလာတဲ့အတွက် အထည်ထည့်နေသည့် လက်(၃)ချောင်းကို စက်ရိုက်မိတဲ့ အခြေနေလို့သိရပြီး စက်ရုံဘက်မှ အဆိုပါဝန်ထမ်းကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အလုပ်သမား၏ပေါ့ဆမှုကြောင့်ဟု အကြောင်းပြကာ ထိခိုက်မှုဖြစ်သောဝန်ထမ်းကို ဆေးဖိုးအနေဖြင့် မြန်မာငွေကျပ်(၂၀၀၀၀)ပေးပြီး အလုပ်မှထုတ်ပယ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ထမ်းသည် သက်ဆိုင်ရာ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးရုံးကို သွားရောက်တိုင်ကြားခဲ့သော်လည်း ရုံးဘက်မှ မလုပ်ပေးနိုင်ဘူးဟုငြင်းဆိုလိုက်တယ်လို့ FGWM ကတဆင့်သိရပါတယ်။

ယခုလက်ရှိအဆိုပါ ထိခိုက်ဒဏ်ရာရသူဝန်ထမ်းအမျိုးသမီးငယ် ၏လက်မှာအရိုးထိသွားပြီးအနာကမကျက်တဲ့အခြေအနေရှိနေပြီးတော့၎င်း၏မိသားစုအခက်ခဲများကြောင့် လုံလောက်တဲ့ဆေးကုသမှုမရရှိနိုင်ဘဲ ရှိနေတဲ့အတွက်FGWM မှတဆင့်အကူအညီပေးထားတယ်လို့လဲသိရပါတယ်။

အဆိုပါကိစ္စရပ်အား အလုပ်ရှင်အနေဖြင့် လုပ်ငန်းခွင်အတွင်းထိခိုက်မှုခံစားရသူ ဝန်ထမ်းတစ်ဦးအား လူမဆန်စွာပြုမူ‌နေခြင်းအပေါ် တာဝန်ရှိသူများအနေဖြင့် ကူညီဖြေရှင်းပေးကြပါလို့ FGWM ကနေတဆင့်အကူအညီတောင်းခံထားတယ်လို့လဲသိရပါတယ်။

 


Related posts

Cover
လုံခြုံရေးကုမ္ပဏီတွေ လိုင်စင်လျှောက်ဖို့ စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဥပဒေ ထုတ်ပြန်
Feb 19, 2025
Cover
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုမှုပြုလုပ်
Feb 19, 2025
Cover
ILO ပုဒ်မ (၃၃) နဲ့ အရေးယူမခံရရေး စစ်တပ်ချုပ် ကိုင်ထားသူအချို့ လှုံ့ဆော်ရန်ကြိုးပမ်းနေ
Feb 19, 2025
Cover
ပြည်ပ လုပ်သားစေလွှတ်ခွင့် ယာယီပိတ်ပင်ထားမှုအပေါ် နစ်နာမှုအတွက်စိုးရိမ်နေရ
Feb 19, 2025
Cover
ပြည်တွင်းနေထိုင်သူတွေ စားဝတ်နေရေးအပြင်  စစ်မှုထမ်း လစဉ်ကြေးပါ ရှာဖွေပေးနေရ
Feb 18, 2025
Cover
ဆေးကုသစရိတ်မြင့်တက်လို့ စပ်ဆေးအသုံးပြုသူပိုများလာ
Feb 18, 2025
Cover
အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်သမားရေး ဆောင်ရွက်သူ ရဲ့ ၇ နှစ်ကြာ နစ်နာမှုတွေအတွက် ကမ်ပိန်းပြုလုပ်တောင်းဆို
Feb 18, 2025
Cover
အချိန်ပိုကြေး မပေးဘဲ ညည့်နက်ထိခိုင်းစေနေလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေ
Feb 17, 2025