NEWS

ILO ပုဒ်မ (၃၃) နဲ့ အရေးယူမခံရရေး စစ်တပ်ချုပ် ကိုင်ထားသူအချို့ လှုံ့ဆော်ရန်ကြိုးပမ်းနေ

CoverLogo
560 Views

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ အခြေခံဥပဒေပုဒ်မ-၃၃အရ အလုံးစုံစီးပွားရေးပိတ်ဆို့အရေးယူတာကို  လက်မခံဘူးလို့ လူမှုကွန် ရက် စာမျက်နှာထက်မှာ မှတ်ချက်တွေထုတ်ဖော်ရေးသားပေးဖို့ စစ်ကောင်စီချုပ်ကိုင်ထားတဲ့  အလုပ်သမားအရေးတက်ကြွဆောင်ရွက်နေသူတွေကတိုက်တွန်းနေတယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။ 

 

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ လက်ရှိမှာ အလုပ်သမားအဖွဲ့ချုပ်တွေက အကြောင်း အမျိုးမျိုးနဲ့ နှုတ်ထွက်ခဲ့သူတွေကို စည်းရုံးသိမ်းသွင်းပြီး (ILO)ရဲ့ အခြေခံဥပဒေပုဒ်မ-၃၃အရ အရေးယူတာကို ကန့်ကွက်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

 

“အလုပ်သမားအဖွဲ့ချုပ် CTUM ကို အရေးပေါ်ဖွဲ့စည်းတာက စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းရ အောင် Article (33) ကို ကန့်ကွက်ပေးဖို့နဲ့ ကော်မန့်တွေ ဝင်ရေးဖို့ စက်ရုံက သမဂ္ဂအဖွဲ့တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်က အစည်းအဝေးခေါ်ပြီးပြောပါတယ်။ သူတို့က ပြန်လာတော့ အလုပ်သမားတွေကို Article (33) ကို ကန့်ကွက်တယ်လို့ facebook မှာ မန့်တွေဝင်ရေးဖို့ ခေါ်ပြောပါတယ်”လို့ Eslite Garment အထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိမှာ ဒီလိုအဖွဲ့ချုပ်က နှုတ်ထွက်သွားသူတွေက စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကလည်း အဖွဲ့ချုပ်အမည်နဲ့ အမှတ် တံဆိပ်ကို အဖွဲ့ချုပ်က နှုတ်ထွက်ပြီးသူတွေက အသုံးချနေတာကို ဇန်နဝါရီလ (၃၀) ရက်မှာ အမည်စာရင်းနဲ့တကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM မှ နှုတ်ထွက်ထားသူ ဦးသောင်းညွှန့်၊  မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) က ၂၀၂၀ ခုနှစ် ဩဂုတ်လနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နှုတ်ထွက်စာတင်ပြီး ထွက်ရှိတဲ့ ဦးမျိုးမြင့်၊ ဦးမျိုးဇော်ဌေး၊ ဦးမျိုးသက်စိုး၊ ဦးစိုးမင်းလှိုင်၊ ဦးရဲသူရ နဲ့ ဆက်လက်ပါဝင် ထမ်းဆောင်နိုင်မှု မရှိတာကို ၂၀၂၁ ခုနှစ်  အာဏာသိမ်း အစောပိုင်းကာလမှာ အဖွဲ့ချုပ်ကို သတင်းပေးပို့ အကြောင်းကြားကာ နှုတ်ထွက်ခဲ့တဲ့ IWFM အထွေထွေ အတွင်းရေးမှူး၊ CTUM ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်မြနှင်းသက်တို့က လုပ်ဆောင်နေတယ်လို့ ဖော်ပြပါရှိပါတယ်။ 

 

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်း စက်မှုဇုန်ခန်းမတွေမှာ အမည်ခံ အလုပ်သမားသမဂ္ဂတွေနဲ့ မကြာခဏ တွေ့ဆုံတာတွေ လုပ်နေပြီး ဟောပြောမှုတွေ လုပ်ဆောင်ပေးနေတာကိုလည်း ဌာနက ဆက်တိုက်ဆို သလို သတင်းတွေ ထုတ်ပြန်နေပါတယ်။ 

 

“အမှန်ကလေ ဒီအခြေအနေက ခက်ခဲတယ်လို့တော့ မြင်တယ်။ Article 33 နဲ့ အရေးယူခံရရင် အကုန်တော့ ဒုက္ခ ရောက်မယ်ပေါ့။ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေတော့လည်း ကျွန်မတို့အဆင်ပြေနေတာမှ မဟုတ်တာ။ အခု ဥပဒေဆိုတာ မရှိတော့ဘူး။ ပိတ်ရက်ဆိုတာမရှိဘူး။ အကုန်လုံး သူတို့အလိုကျပဲဖြစ်နေမှတော့ ဘာထူးတော့မှာလဲ။ ဒီတော့ ကြောက်နေလို့မရဘူးပဲ မြင်တယ်”လို့ အခြေခံ သမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။ 

 

အာဏာသိမ်း စစ်တပ်အလိုကျ လိုက်ပါဆောင်ရွက်ပေးနေသူတွေက ILO ရဲ့ Article 33 နဲ့ အရေးယူတာကို ကန့်ကွက်တာ ကို ဆန္ဒထုတ်ဖော်တာ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေသားတာတွေ လုပ်ဆောင်နေကြပြီး အခြေခံစက်ရုံ အလုပ်သမားတွေကိုပါ စည်းရုံးသိမ်းသွင်းတာတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းဆန့်ကျင်ရေး လုပ်ဆောင်တဲ့  အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေကို ဖမ်းဆီး အကျဥ်းချတာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေသလို လုပ်ငန်းခွင် တွေမှာ အဓမ္မခိုင်းစေတာတွေအပြင် အဓမ္မစစ်မှုထမ်းရန် ခိုင်းစေနေတာတွေကို ကျူးလွန်ခံနေရပါတယ်။ 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026