NEWS

ပြည်တွင်းနေထိုင်သူတွေ စားဝတ်နေရေးအပြင်  စစ်မှုထမ်း လစဉ်ကြေးပါ ရှာဖွေပေးနေရ

CoverLogo
642 Views

အာဏာသိမ်းမှုနဲ့ ပြည်တွင်း ပဋိပက္ခ တွေ ကာလရှည်ကြာဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးမှာ ကုန်ဈေးနှုန်း ကြီးမြင့်နေတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ စီးပွားရေးအခွင့်အလမ်းတွေ ရှားပါးလာတဲ့အတွက် အခြေခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲရုန်းကန်နေရသလို စစ်ကောင်စီ လက်အောက်ခံတွေကောက်ယူတဲ့ စစ်မှုထမ်း လစဉ်ကြေးအတွက်ပါ ရှာဖွေပေးနေရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ စစ်မှုထမ်းဖို့ အတွက် အသက် ၁၈ နှစ်မှ ၃၅နှစ် အထိ အမျိုးသား တွေ ကို  လတ်တလော  ခေါ်ယူတာတွေ ဖြစ်နေပြီးစစ်မှုထမ်းစာရင်းထဲမပါစေလိုပါက လစဉ်ကြေး အနေနဲ့ ပေးရတာရှိသလို စစ်မှုထမ်း ဖို့ အစားထိုး လူဝယ်ရန် အတွက်ဆိုကာ ငွေကြေးပေးရတာမျိုးတွေရှိတယိလို့ သိရပါတယ်။

"အိမ်မှာက ယောက်ျားလေး ၃ယောက် ရှိတဲ့ အတွက် တစ်ယောက်ကို ငါးသောင်းနှုန်းနဲ့ လစဉ်တစ်သိန်းခွဲပေးရတယ် ပုသိမ် က အစ်မ တို့ဦးလေး ဆိုရင် သူတစ်ယောက်ထဲနေတာ  အသက်က ၄၀ကျော်နေပြီ  အဲ့တာကို တစ်လ ၇သောင်းပေးရတယ် တခြားအိမ်တွေနဲ့ အတူတူပေးရတယ် မပေးဘူးဆိုရင်လည်း တစ်ခုခု လုပ်မှာစိုးတော့ ပေးရတာပဲ အခုက အစားသောက်ကို ဖြစ်သလို စားပြီး သူတို့လစဉ်ကြေး ကို မဖြစ်မနေပေးနေရတယ်""လို့ဧရာဝတီတိုင်း မှ ဒေသခံ တစ်ဦးကပြောပါတယ်။

အခုလို စစ်မှုထမ်း ဥပဒေ အကြောင်းပြပြီး စာရင်းမပါစေရေး အတွက် အုပ်ချုပ်ရေးမှူးတွေ က ငွေကြေး ကောက်ခံတာတွေ ကို အခြေခံ ပြည်သူတွေ အများစုရှိတဲ့နေရာ ဒေသ ရပ်ကွက် တွေ မှာသာ အများဆုံး ပြုလုပ်တယ်လို့ သိရပါတယ်။

 ""ကျွန်တော်တို့ လှိုင်သာယာ မှာက နေရာဒေသစုံက လူငယ်တွေ ပေါတယ် အဲ့တော့ စစ်မှုထမ်းစာရင်းမပါဖို့ လစဉ် ၂သောင်းပေးရတာ မျိုး ၅သောင်းပေးရတာမျိုး အိမ်ခြေအနည်းအများပေါ် မူတည်ပြီး ငွေကောက်ခံတာ ကွာဟသွားတယ် အခုလို ကောက်တာ အခြေခံ လုပ်သားပြည်သူတွေရှိတဲ့ နေရာတွေပဲ ဥပမာ ပန်းလှိုင် အိမ်ရာထဲတို့ နဝဒေး အိမ်ရာထဲ တို့ ကောက်တယ်လဲ မကြားဘူး စစ်မှုထမ်းစာရင်းပါတယ်လဲ မကြားဘူး ဒီမှာ တနေ့လုပ်မှတနေ့စားရတဲ့ဘဝ တွေ ဗျာ တချို့ဆို အလုပ်မရှိတဲ့နေ့တွေဆို ပေါင်နှံ ချေးငှားစားရတဲ့သူတွေ လည်းရှိတယ် ဒါကို စစ်မှုထမ်းစာရင်းမပါချင်ရင် သူတို့တောင်းသလောက်ပေးဆိုတာမျိုးတွေ နဲ့ ဆိုတော့ အခုဆို ပိုပြီး ခက်ခဲလာ ကြတယ် စစ်မှုထမ်းပါသွားရင်လည်း သေလမ်းကများတော့ မိသားစုတွေက မဖြစ်မနေ ရှာကြံပေးနေရတာပေါ့""လို့ လှိုင်သာယာမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်မှုထမ်းဥပဒေ တွင် အသက်၁၈နှစ်မှ ၃၅နှစ်အထိ  အမျိုးသားတွေနဲ့ အသက်၁၈နှစ်မှ ၂၇ နှစ်အထိ အမျိုးသမီးတွေ ကို စစ်မှုထမ်းဖို့ အတွက် ပြဌာန်းထားကာ လက်ရှိမှာစစ်ကောင်စီက အမျိုးသားတွေကိုသာခေါ်ယူတာမျိုး ရှိပေမယ့် အောက်ခြေ အုပ်ချုပ်ရေး ပိုင်းတွေမှာ အမျိုးသမီး စစ်မှုထမ်းစာရင်းပါရှိတဲ့ အသက်အရွယ် တွေကို စာရင်း ကောက်ယူနေပြီး စစ်မှုထမ်းဖို့ အတွက် လူစားထိုးရန် အတွက်ဆိုကာ ငွေကြေးတောင်းယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

""အမျိုးသမီးစစ်မှုထမ်းကို မခေါ်သေးဘူးသာပြောတယ် အခု ကျွန်မတို့ရပ်ကွက်မှာ အမျိုးသမီး စစ်မှုထမ်း ဖို့ သိန်း၃၀ ကုန်မယ် အာ့ကြောင့် အရွယ်ရောက်အမျိုးသမီးရှိတဲ့ အိမ်တွေကို တအိမ် တစ်သောင်းဆိုပြီး လိုက်ကောက်တယ် "လို့ ရန်ကုန်မြို့မှ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်မှုထမ်းဥပဒေ ပြဌာန်း ပြီး နောက်ပိုင်း လူငယ်တွေ ကို ပေါ်တာဆွဲတာတွေ ၊အတင်းအဓမ္မစစ်မှုထမ်းစေတာတွေနဲ့ ပျောက်ဆုံး တာ များလာတဲ့ အတွက် ပြည်သူတွေ အနေနဲ့ အသွားလာအထူးဂရုစိုက်နေရတယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026