NEWS

ဆေးကုသစရိတ်မြင့်တက်လို့ စပ်ဆေးအသုံးပြုသူပိုများလာ

CoverLogo
901 Views

၊ ဆေးခန်းတွေမှာဆေးကုသစရိတ်တွေပိုမိုမြင့်တက်လာတာကြောင့် အခြေခံပြည်သူအများစုဟာ ဆေးကုသစရိတ်မတတ်နိုင်တာကြောင့် အလွယ်တကူရတဲ့ စပ်ဆေး သုံးစွဲတာတွေပိုများလာပါတယ်။ 

 

လက်ရှိမှာဆေးဝါးတွေဟာပစ္စည်းပြတ်လပ်တာနဲ့ဈေးနှုန်းမြင့်တက်လာတာတွေကြောင့်စပ်ဆေးတွေလည်းအရင်ကထက်ဈေးတက်လာတယ်လို့သုံးစွဲသူတွေဆီကသိရပါတယ်။ 

 

"ဆေးခန်းပြဖို့ကမလွယ်တော့ဘူး။အရင်ကငါးထောင်ကျော်လောက်ကုန်ရင်အခုဆို တစ်သောင်းခွဲလောက်ကုန်တယ်။တော်ရုံလူပြများတဲ့ဆေးခန်းဆိုနှစ်သောင်းလောက်ယူတယ်။တစ်ရက်တည်းပျောက်ရင်တော်သေးတယ်။မပျောက်ရင်အဆင်မပြေဘူးလေ။နောက်သောင်းချီကုန်မှာ‌ဆိုတော့စပ်ဆေးလေးပဲအလွယ်ဝယ်သောက်တယ်။ဆေးကောင်းလေးထည့်မှအများဆုံးနှစ်ထောင်လောက်ပေးရတာ‌ဆိုတော့အဆင်ပြေသေးတယ်"လို့စပ်ဆေးဝယ်ယူသုံးစွဲနေသူတစ်ဦးကပြောပါတယ်။ 

 

စပ်ဆေးအဖြစ် ပေါပေါများများသုံးစွဲနေရတဲ့ Steroid ဆေးတွေဟာ သွေးတိုး၊ ဆီးချို၊ အရိုးပါးအရိုးပွ၊ အဝလွန်၊ အစာအိမ်ရောဂါတွေဖြစ်နိုင်ပြီး အကိုက်ခဲပျောက်ဆေး NSAIDs တွေဟာ အစာအိမ်ရောင် ၊ အူ/အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်၊ ကျောက်ကပ်ပျက်တာတွေဖြစ်နိုင်တာကြောင့် အလွယ်တကူမသောက်သုံးသင့်ဘူးလို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အသိပေးထားပါတယ်။ 

 

ဆေးဆိုင်တွေမှာဒီလိုစပ်ဆေးရောင်းချတာဟာတရားဝင်ခွင့်ပြုထားတာမရှိဘဲ တားမြစ်ထားပါတယ်။ 

 

အခြေခံပြည်သူတွေကတော့အာဏာမသိမ်းခင်ကတည်းကစပ်ဆေးတွေကိုအသုံးများပြီးအခုချိန်မှာတော့ဝယ်ယူသူပိုများလာတာပဲဖြစ်ပါတယ်။ 

 

"‌ပိုက်ဆံမကုန်အောင်ဆေးရုံသွားပြလို့ပြောပေမယ့်ဆေးရုံမှာလည်းဆေးအကုန်ရတာမဟုတ်ဘူး။ဝယ်ရတာပဲ။နောက်ပြီးအချိန်တွေအကြာကြီးပေးရတာ။ပြောမယ်ဆိုလက်လုပ်လက်စားသမားတွေကျအဆင်မပြေဘူး။အဲဒီတော့ဆေးမြှီးတိုပဲခေါ်မလားအလွယ်ရတာပဲသောက်တယ်"လို့ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးကပြောပါတယ်။ 

 

ပြည်တွင်းမှာဆေးကုသစရိတ်တွေသိသိသာသာမြင့်တက်လာတဲ့နောက်ပိုင်းမှာအခမဲ့ဆေးရုံဆေးခန်းတွေမှာလည်းကုသလိုသူတွေများလာခဲ့ပြီး ပြည်သူတွေဟာကျန်းမာရေးအတွက်ဆေးဝါးလုံလောက်အောင်မသုံးစွဲနိုင်တဲ့ပြဿာနာကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ 

 

"ကျွန်မတို့လည်းစပ်ဆေးမရောင်းချင်ဘူး။ကိုယ်တွေအတွက်လည်းအန္တရာယ်ရှိတယ်။လူနာကဘာဆေးမတည့်တာလဲ။ဘာရောဂါအခံရှိလဲကျွန်မတို့လည်းမသိဘူး။ဒါပေမယ့်စပ်ဆေးမရောင်းရင်အရောင်းအဝယ်ကျတယ်။‌အခုကဆေးဈေးတွေကတက် အရောင်းကပါးတော့ကျွန်မတို့လည်းအဆင်ပြေအောင်ကြည့်လုပ်နေရတာပါ"လို့ဆေးဆိုင်နဲ့ စတိုးဆိုင်တွဲဖက်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။ 

 

စစ်အာဏာသိမ်းပြီးနောက်မှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးစတာတွေဟာဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာဖြစ်ပြီးပြည်သူတွေပိုမိုကြပ်တည်းလာကာ အာဟာရချို့တဲ့တာ၊ စိတ်ဖိစီးမှုများတာနဲ့ လေထုညစ်ညမ်းမှုကြောင့် အဆုတ်အပါအ၀င် ထိခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026