NEWS

အိုတီကြေးရှင်းမပေးဘဲ ခိုင်းစေနေလို့ Myanmar Bestex Garment အထည်ချုပ်စက်ရုံမှအလုပ်သမားများအခက်တွေ့နေဟုဆို

CoverLogo
1.6K Views

တစ်နေ့ကို ၈ နာရီအလုပ်ချိန်သာရှိပေမယ့် အလုပ်ရှင်ဖက်ကစံချိန်မပြည့်ဟု ဆိုကာအိုတီကြေးမပေးဘဲ အလုပ်သမားတွေကိုအဓမ္မအလုပ်ချိန်တွေတိုးပြီးစေခိုင်းနေတဲ့အတွက် Myanmar Bestex Garment အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေကြရတယ်လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီး ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်(၄)မင်းဧရာလမ်းထဲမှာလုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

"အလုပ်ချိန်က၈နာရီသတ်မှတ်ထားတာအဲ့အချိန်အတွင်းသူတို့ပေးတဲ့စံချိန်မပြည့်ရင်အချိန်ပိုဆင်းရတယ် အိုတီကြေးကျတော့မပေးဘူး ညအချိန်မတော်အထိဆင်းရတာ အလကားကိုဆင်းပေးနေရတာ"လို့အဆိုပါစက်ရုံမှနစ်နာသူအလုပ်သမားတဦးကဆိုပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေပေမယ့်အလုပ်သမားတွေဖက်ကတိုင်ကြားညှိနှိုင်းဖို့ အလုပ်သမားသမဂ္ဂမရှိဘူးလို့လည်း သိရပါတယ်။

"လုပ်ငန်းခွင်ထဲမှာဥပဒေနဲ့အညီ ခွင့်ရက်ခံစားခွင့်လဲမရှိဘူး အောစူပါတွေကလဲတနေ့တနေ့ကိုတော်တော်ညစ်ညစ်ညမ်းညမ်းဆဲတာမခံနိုင်အောင်ပဲ"လို့အမည်မဖော်လိုတဲ့အလုပ်သမားတဦးကဆက်ပြောပါတယ်။

အဲ့ဒီ့လိုစက်ရုံဖက်ကအလုပ်သမားအခွင့်အရေးကိုဥပဒေမဲ့ချိုးဖောက်နေတာတွေဟာသကြ်န်ပိတ်ရက်အတွင်းအခြေခံလစာပေးဖို့ဖြစ်တယ်လို့အောစူပါတွေဖက်ကအကြောင်းပြပေမယ့်အလုပ်သမားတွေဖက်ကတော့မယုံကြည်ကြပါဘူး။

အလုပ်သမားတွေဖက်ကတော့အခုလိုအလုပ်သမားအခွင့်အရေးဥပဒေမဲ့ချိူးဖောက်နေတာတွေရပ်တန့်ပေးဖို့လိုလားနေကြပါတယ်။

Myanmar Bestex Garment အထည်ချုပ်စက်ရုံဟာအလုပ်သမား၈၀၀ခန့်နဲ့လုပ်ငန်းလည်ပတ်နေတဲစက်ရုံတခုဖြစ်ပြီး MOHITO အမှတ်တံဆိပ်အထည်များထုတ်လုပ်နေတဲ့လုပ်ငန်းတခုဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025