VIDEO

အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးငယ် နံရိုးကျိုးသည့် အထိ ရိုက်နှက်နှိပ်စက်ခံထားရ

CoverLogo
246 Views

ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်တဲ့ အိမ်ရှင်မိသားစုက ၁၅ နှစ်အရွယ် အမျိုးသမီး အိမ်အကူလုပ်သားတဦးကို ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး ဆေးရုံ ပြသရတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ကျူးလွန်ခံရသူ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကျူးလွန်သူခံရသူမှာ စုစုပေါင်း မိသားစုဝင် ၄ ဦးရှိပြီး ဒဂုံဆိပ်ကမ်းမြိုနယ်က ကျူးကျော် ရပ်ကွက်တခုမှာ နေထိုင်ကြပြီး မိန်းကလေးငယ်အနေနဲ့ ထပ်မံခြိမ်းခြောက်ခံနေရတာတွေ ရှိနေတယ်လို့ လည်း သိရပါတယ်။

 ဒီလို ရိုက်နှက်တာကို ကျူးလွန်ခံရသူ မိသားစုဝင်တွေက မသိရဘဲ ဒီဇင်ဘာ ၁၃ ရက်မှာမှ သမီးဖြစ်သူကို ရပ်ကျေးအဖွဲတွေ လာရောက် ခေါ်ယူသွားတယ်ဆိုပြီး ဆက်သွယ်ပြောဆိုတာကြောင့် အဲဒီအိမ်ကို သွားရောက်ခဲ့တာလို့ ပြောပါတယ်။ ဆေးရုံတက်ကုသနေရတဲ့ အိမ်အကူလုပ်သားမှာ ဝဲချိုဆောင်း ပေါက်ပြဲ၊ ဝဲနားထင်ဖူးရောင်၊ ကျောကုန်းဖူးရောင် ညိုမဲစွဲ၊ ယာဘက်ပုခုံး ဒဏ်ရာ၊ ဝဲဘက် လက်မောင်းနာကျင် ဒဏ်ရာ၊ ယာဘက် လက်ဖျံ ဒဏ်ရာ၊ ဝဲဘက် ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ခြေသလုံး ဒဏ်ရာတွေအပြင် နံရိုး ၂ ချောင်း ကျိုး၊ လက်ချောင်းတချောင်းကျိုးဒဏ်ရာ နဲ့ အင်းစိန်ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ရပြီး နာကျင်မှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ သိရပါတယ်။

ကျူးလွန်ခံရမှုကို လှော်ကားရဲစခန်းမှာ အမှုဖွဲတိုင်ကြားထားပြီး ပုဒ်မ ၃၂၃ သာမာန်နာကျင်စေမှု၊ ပုဒ်မ ၃၂၅ အပြင်းထန် နာကျင်စေမှု၊ ပုဒ်မ ၃၅၄ ကာယိန္ဒြေပျက်စီးစေပြီး အနိုင်အထက်ပြုမှုနဲ့ ပုဒ်မ ၁၁၄ အားပေး ကူညီမှု တွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ကျူးလွန်ခံရသူကို ဆေးစစ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အမှုဖွင့်ခံထားရတဲ့ မိသားစုဝင််တွေကတော့ အာမခံနဲ့ လွှတ်ပေးထားတယ်လို သိထားရပါတယ်။ 

Application - https://bit.ly/3oNDLga

Website Link - https://www.myanmarlabournews.com

Telegram Link - https://t.me/myanmarlabournews

 #MyanmarLabourNews #ChildLabour


Related posts

Cover
အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ ဦး အဖမ်းခံရ
Mar 07, 2025
Cover
Fook Hing Paper Packaging စက်ရုံ လုပ်သက်ခွင့် ၂ နှစ်ပြည့်မှရပြီး၊ ပိတ်ရက်များအတွက် ထောက်ပံကြေး မပေး
Mar 06, 2025
Cover
စက်ရုံနှစ်ခုစာအတွက် တစ်လလုံးပိတ်ရက်မပေးဘဲ အချိန်ပိုခိုင်းစေနေ
Mar 05, 2025
Cover
Prettex Myanmar  စက်ရုံ နားရက်မပေးဘဲ ဆက်တိုက် ခိုင်းစေနေ
Mar 05, 2025
Cover
Dong Yu စက်ရုံ တွင် ည ၁၁ နာရီထိ အချိန်ပိုခိုင်းစေပြီး လုံခြုံရေးတာဝန်မယူဟု ပြောဆို
Mar 05, 2025
Cover
လုပ်ငန်းတွေရပ်ထားရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ သတင်းသမားတွေ ထောက်ပံ့မှုလျှောက်ထားနိုင်
Mar 04, 2025
Cover
အထောက်အထားမပြည့်စုံလို့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကို စစ်ကောင်စီ ထံ  ပြန်မပို့ဖို့ အိမ်နီးချင်းနိုင်ငံများကို NUG အထူးမေတ္တာရပ်ခံ
Mar 04, 2025
Cover
အခွင့်အရေး ချိုးဖောက်မှုများကို ပြောဆိုသည်ဟု သံသယရှိသည့် အလုပ်သမားတိုင်းကို သုံးနာရီကြာ စစ်ဆေးပြီး အလုပ်ထွက်သည်အထိ ဖိအားပေး
Mar 04, 2025