NEWS

အလုပ်သမားတွေ ဖမ်း​ဆီးခံရတဲ့ စက်ရုံ၂ ရုံအပါအဝင် စက်ရုံအချို့ကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ဝင်စစ်ဆေး

CoverLogo
360 Views
 
အလုပ်သမားအခွင့်အရေးတောင်းဆိုရာက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ စက်ရုံနဲ့ အချို့စက်ရုံတွေ ကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
"အမှန်ကတော့တိုက်ဆိုင်တယ်လို့ထင်ပါတယ်။ အရင်ရက်တွေဒီအလုပ်သမားတွေမလွတ်ခင်ကတည်းက တချို့စက်ရုံတွေကို ဦးဝင်းရှ်ိန်ရော ဝင်စစ်နေကြတာတွေ့တယ်။ အငြင်းပွားမှုဖြစ်လို့ အလုပ်သမားကတိုင်ရင်တောင် စည်းကြပ်မှုမရှိတာလေ ခုကတိုက်ဆိုင်တာလို့ထင်ပါတယ်" လို့ ရောင့်ကြည့်နေသူက မှတ်ချက်ပြုပါတယ်။
 
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ Sun Apperal Myanmar နဲ့ ဟိုစိမ့်(မြန်မာ)စက်ရုံတို့ကို စက်တင်ဘာ ၁၀ရက်နေ့က စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဦးမြင့်နောင်ဟာ ကိုယ်တိုင်ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ အဲ့ဒီဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
 
ထုတ်ပြန်ချက်အရ ကုန်အမှာ စာရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ လုပ်ခလစာပေးချေမှုအခြေအနေကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနဲ့ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးကို လမ်းညွှန်မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ)စက်ရုံက အလုပ်သမား ၅ဦး၊ Sun Apparel Myanmar စက်ရုံက အလုပ်သမား ၂ ဦးနဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ Action Labor Rightsအဖွဲ့ဝင်တို့အပါအဝင် အလုပ်သမားတွေဟာ ဆူပူမှုဖြစ်အောင်လှုံ့ဆော်လို့ဆိုပြီး ပြီးခဲ့တဲ့ဇွန်လက ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး ယခုလ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ပြန်လွှတ်ပေးလိုက်ကာ စက်တင်ဘာ ၁၀ရက်နေ့မှာ အဲ့ဒီစက်ရုံတွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
Photo-MOL(SAC)

Related posts

Cover
Tai Hong Garment စက်ရုံမှာ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေ နစ်နာနေရ
Sep 07, 2024
Cover
Myanmar SINYOUNG CLOTHES FASHION မှာ အချိန်ပိုအလွန်အကျွံ​ခေါ်ယူ​နေဟုဆို
Sep 07, 2024
Cover
ရပ်ကွက်နေပြည်သူတွေနဲ့ စက်ရုံအလုပ်သမားတွေကို UID(ခေါ်)စမတ်ကတ်လုပ်ပေးရာ မှာ မှတ်ပုံတင် အတုတွေ စစ်ဆေးတွေ့ရှိဟုဆို
Sep 02, 2024
Cover
GOLDEN PROPITIOUS (Myanmar ) အထည်ချုပ်စက်ရုံက အမျိုးသမီးအလုပ်သမား စက်ရုံတွင်းအကြမ်းဖက်ခံရပြီးအလုပ်ထုတ်ပယ်ခံရမှုဖြစ်ပွား
Aug 31, 2024
Cover
မြန်မာအားသစ်မာန် ကားစက်ရုံ လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုမှုပြုလုပ်၊ စစ်တပ် ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Aug 30, 2024
Cover
စက်ရုံတွေကတဆင့် လုပ်သားစာရင်းကောက်ယူနေမှုအလုပ်သမားများထံအသိမပေး
Aug 30, 2024
Cover
စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းထပ်မံမြင့်တက်လာပြန်
Aug 30, 2024
Cover
ကလေးငယ်တွေကို ပန်းရောင်းခိုင်းပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ
Aug 30, 2024