NEWS

ကလေးငယ်တွေကို ပန်းရောင်းခိုင်းပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ

CoverLogo
679 Views

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ကို ပန်းရောင်းခိုင်းပြီး လုပ်အားခတွေ ခေါင်းပုံဖြတ်ရယူခဲ့သူ ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

"အဲ့ဒီမီးပွိုင့်မှာ ကလေးတွေကအရမ်းငယ်သေးတယ်ဗျာ။ တစ်ခါတစ်လေ ရိုက်နေတာတွေတွေ့ရတယ်။ စိတ်မကောင်းဘူးပေါ့ဗျာ။ မိုးလင်းကနေညနက်အထိဗျ။  ကလေးတွေကသူတို့ကလေးတွေမဟုတ်ဘူး မွေးစားထားတယ်လို့ထင်ရတယ်။ ဒီလိုတွေအတင်းအဓမ္မခိုင်းစေဖို့ပဲဖြစ်မယ်။ ရှိသေးတယ် သုဝဏ္ဏမီးပွိုင့် ရော တောင်မြောက်လမ်းဆုံနားရော ကလေးတွေအရမ်းငယ်တယ် အကုန်ထိထိရောက်ရောက်လုပ်နိုင်ရင် ဝမ်းသာစရာပါ  ကလေးတွေသနားလို့ပါ" လို့ ရန်ကုန်မြို့ က taxi အငှားယာဥ်မောင်းတစ်ဦးကဆိုပါတယ်။ 

အဆိုပါကလေးငယ်တွေကို နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ပန်းရောင်းခိုင်းတာဖြစ်ပြီး ရောင်းမကုန်ပါကရိုက်နှက်လေ့ရှိတယ်လို့သိရပါတယ်။ 

အဲဒီလိုအတင်းအဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများဟာ ဗဟန်းမြို့နယ်နေထိုင်သူနဲ့ ရွှေပြည်သာမြို့နယ်နေထိုင်သူတို့ ဖြစ်ပြီး  အဆိုပါကလေးငယ်များကို နေ့စဥ်နေ့တိုင်းအတင်းခိုင်းစေရိုက်နှက်တာကြောင့် လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တာလို့ စစ်​ကောင်စီရဲ့သတင်းဌာနဖော်ပြချက်အရ သိရပါတယ်။ 

အဆိုပါ​ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဒေါ်ရွှေဇင်ဝင်းနဲ့  ၎င်း၏သမီးဖြစ်သူ ရွှေပြည်သာမြို့နယ်နေထိုင်သူ မသန္တာဝင်းတို့က နေ့စဉ်နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးတွင် ပန်းရောင်း ရန်ခိုင်းစေခဲ့ပြီး ပန်းရောင်းမကုန်သည့်နေ့များတွင် ရိုက်နှက်ခြင်းများပြုလုပ်ကာ အဓမ္မ အလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဗဟန်း မြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တာလို့သိရပါတယ်။

ဩဂုတ် ၂၇ရက်မှာတော့ ကမာရွတ်ခရိုင် တရားရုံးက  တရားခံ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမနှင့် မေသန္တာဝင်းတို့ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။

Photo-MOI

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026