NEWS

ကလေးငယ်တွေကို ပန်းရောင်းခိုင်းပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ

CoverLogo
403 Views

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ကို ပန်းရောင်းခိုင်းပြီး လုပ်အားခတွေ ခေါင်းပုံဖြတ်ရယူခဲ့သူ ၂ ဦးကို အလုပ်နှင့်ထောင်ဒဏ်ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

"အဲ့ဒီမီးပွိုင့်မှာ ကလေးတွေကအရမ်းငယ်သေးတယ်ဗျာ။ တစ်ခါတစ်လေ ရိုက်နေတာတွေတွေ့ရတယ်။ စိတ်မကောင်းဘူးပေါ့ဗျာ။ မိုးလင်းကနေညနက်အထိဗျ။  ကလေးတွေကသူတို့ကလေးတွေမဟုတ်ဘူး မွေးစားထားတယ်လို့ထင်ရတယ်။ ဒီလိုတွေအတင်းအဓမ္မခိုင်းစေဖို့ပဲဖြစ်မယ်။ ရှိသေးတယ် သုဝဏ္ဏမီးပွိုင့် ရော တောင်မြောက်လမ်းဆုံနားရော ကလေးတွေအရမ်းငယ်တယ် အကုန်ထိထိရောက်ရောက်လုပ်နိုင်ရင် ဝမ်းသာစရာပါ  ကလေးတွေသနားလို့ပါ" လို့ ရန်ကုန်မြို့ က taxi အငှားယာဥ်မောင်းတစ်ဦးကဆိုပါတယ်။ 

အဆိုပါကလေးငယ်တွေကို နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ပန်းရောင်းခိုင်းတာဖြစ်ပြီး ရောင်းမကုန်ပါကရိုက်နှက်လေ့ရှိတယ်လို့သိရပါတယ်။ 

အဲဒီလိုအတင်းအဓမ္မအလုပ်ခိုင်းစေပြီး လုပ်အားခများခေါင်းပုံဖြတ်ရယူခဲ့သူများဟာ ဗဟန်းမြို့နယ်နေထိုင်သူနဲ့ ရွှေပြည်သာမြို့နယ်နေထိုင်သူတို့ ဖြစ်ပြီး  အဆိုပါကလေးငယ်များကို နေ့စဥ်နေ့တိုင်းအတင်းခိုင်းစေရိုက်နှက်တာကြောင့် လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တာလို့ စစ်​ကောင်စီရဲ့သတင်းဌာနဖော်ပြချက်အရ သိရပါတယ်။ 

အဆိုပါ​ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဒေါ်ရွှေဇင်ဝင်းနဲ့  ၎င်း၏သမီးဖြစ်သူ ရွှေပြည်သာမြို့နယ်နေထိုင်သူ မသန္တာဝင်းတို့က နေ့စဉ်နံနက် ၅ နာရီမှ ည ၁၂ နာရီအထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးတွင် ပန်းရောင်း ရန်ခိုင်းစေခဲ့ပြီး ပန်းရောင်းမကုန်သည့်နေ့များတွင် ရိုက်နှက်ခြင်းများပြုလုပ်ကာ အဓမ္မ အလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဗဟန်း မြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တာလို့သိရပါတယ်။

ဩဂုတ် ၂၇ရက်မှာတော့ ကမာရွတ်ခရိုင် တရားရုံးက  တရားခံ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမနှင့် မေသန္တာဝင်းတို့ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။

Photo-MOI

 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025