NEWS

စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းထပ်မံမြင့်တက်လာပြန်

CoverLogo
831 Views

ဩဂုတ်လ (၃၀) ရက်တွင် ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့ကြီးအချို့တွင် ရောင်းချရမည့် စက်သုံးဆီ အခြေခံရည်ညွှန်းဈေးသတ်မှတ်နှုန်းထားဟာ  ယခင်ထက်သတ်မှတ်ဈေးနှုန်းပြန်လည်မြင့်တက်လာတယ်လို့ စက်သုံးဆီကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရ  စက်သုံးဆီဈေးနှုန်းဟာ အောက်တိန်း 92 တစ်လီတာလျှင် ၃၁၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၂၄၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၆၅၅ ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၂၉၅ ကျပ် ဖြစ်တယ်လို့သတ်မှတ်ထားဖြစ်ပါတယ်။
  
"ကျရင် ၁၀ အများဆုံး ၃၀ ပဲ။ ခုတက်လာတော့ ၁၂၅ တောင်တက်လာတယ်။ အပြင်မှာက ၄၀၀၀ လောက်ပေးနေရတယ်။ သတ်မှတ်ဈေးကတက်နေရင်ပြင်ပပေါက်ဈေးလည်းတက်မှာပဲ။ အဓိကက ဒီနှုန်းထားအတိုင်းဆီပေါပေါလောလာပေးနိုင်ရင် မခက်ခဲဘူးလို့မြင်ပါတယ်။ ဆီပြတ်လပ်ရင်တော့ဈေးက တရိပ်ရိပ်တက်နေမှာ "လို့  ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးကဆိုပါတယ်။  

အဆိုပါ ဈေးနှုန်းသတ်မှတ်ချက်များအရ စက်သုံးဆီဈေးနှုန်းများဟာ ယခင်ကထက်  အောက်တိန်း 92 တစ်လီတာလျှင်၁၂၅ကျပ်အထိ မြင့်တက်လာသလို ရိုးရိုးဒီဇယ်ဈေးနှုန်း ၄၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၉၅ ကျပ်နဲ့ 95 တစ်လီတာ ၁၂၅ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။  

အလားတူ အခြားသောတိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာတွေ့ရပြီး ပြင်ပစက်သုံးဆီဈေးနှုန်းတွေဟာလည်း  အောက်တိန်း ၉၂ တစ်လီတာလျှင် ၃၇၀၀ မှ ၄၀၀၀အထိရှိပြီး  ၉၅တစ်လီတာလျှင် ၄၀၀၀  ကနေ  ၄၂၀၀ အထိရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026