NEWS

GOLDEN PROPITIOUS (Myanmar ) အထည်ချုပ်စက်ရုံက အမျိုးသမီးအလုပ်သမား စက်ရုံတွင်းအကြမ်းဖက်ခံရပြီးအလုပ်ထုတ်ပယ်ခံရမှုဖြစ်ပွား

CoverLogo
1.4K Views

ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ၊ မြလမ်း၊ အမှတ် (-)တွင် ဖွင့်လှစ်ထားသော GOLDEN PROPITIOUS (Myanmar )  Garment Co, Ltd အထည်ချုပ်စက်ရုံမှာ  အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးအလုပ်သမားဟာ  စက်ရုံတွင်းအကြမ်းဖက်ခံရပြီး အလုပ်မှထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 


အဆိုပါစက်ရုံက QC ဝန်ထမ်းအမျိုးသမီးအလုပ်သမားဟာ  ဩဂုတ်လ ၂၉ ရက်နေ့ နေ့လည် ၁၁နာရီဝန်းကျင်ခန့်က  လိုင်း (Mo Pattem ) စက်ချုပ် အမျိုးသားတဦးနှင့် လိုင်းမှ အထည်ပဲကျသည်ကို သွားရောက်ပေးစဉ် စက်ချုပ်အမျိုးသားအလုပ်သမားက  ရိုင်းစိုင်းသောစကားများ ပြောဆိုလာတဲ့အတွက် စကားများကြရာမှ စက်ချုပ်အမျိုးသားမှဝက်အူလှည့်ဖြင့်ပစ်ပေါက်မှုကိုခံခဲ့ရပြီး လက်သီးဖြင့် ထိုးဖို့  ရွယ်စဉ် အနားရှိဝန်ထမ်းများမှ ဝိုင်းဝန်းဝင်ရောက်ဆွဲခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။  


အဆိုပါဖြစ်စဉ်အပေါ် စက်ရုံမန်နေဂျာက အမျိုးသမီးအလုပ်သမားကိုရုံးခန်းထဲသို့ ခေါ် ပြီး  အလုပ်ထွက်စာ တွင် အတင်းအဓမ္မလက်မှတ်ထိုးခိုင်းရာ QC ဝန်ထမ်းအမျိုးသမီး က လက်မှတ်မထိုးနိုင်ကြောင်း ပြောသော်လည်းအတင်းအဓမ္မလက်မှတ်ထိုးခိုင်းပြီး အလုပ်မှထုတ်ပယ်ခဲ့တယ်လို့သိရပါတယ်။ 


"မန်နေဂျာက  ကြိုက်တဲ့ နေရာသွားတိုင် ဂရုမစိုက်ဘူး  ငါလိုက် ရှင်းမယ် ၊ ဘာနစ်နာကြေးမှ မေပးဘူး ၊ ရုံးတိုင်ရင် နင့်ကိုအလုပ်မရအောင် Blacklist ထည့်မယ် လို့  ချိန်းခြောက်ပြောဆိုခြင်း ပြုလုပ်ပြီး အလုပ်မှ ထုတ်ပယ်ခဲ့တာ"လို့သိရပါတယ်။  


အဆိုပါစက်ရုံမှာ balabala , Sinsay အမှတ်တံဆိပ်အထည်တွေချုပ်တာလို့ သိရပါတယ်။


စက်ရုံလုပ်ငန်းခွင်တွင် အမျိုးသမီးအလုပ်သမားများမှာ အမျိုးသားများမှ အကြမ်းဖက်ခံရမှူများရင်ဆိုင်ရသော်လည်း မည်သည့်အကာအကွယ်မှမရဘဲ စက်ရုံမှအလုပ်ထုတ်မှုနှင့်သာရင်ဆိုင်နေရသလို အဆိုပါဖြစ်စဉ်မျိုးကို Kingsrich Myanmar အထည်ချုပ်တွင်လည်းအလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပြီး လက်ရှိတွင်အလုပ်သမားမှ အလုပ်ရှင်အားတရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026