NEWS

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတဲ့အတွက် မြန်မာအလုပ်သမားတွေ စိုးရိမ်နေရ

CoverLogo
427 Views

ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေ က အထောက်အထားမရှိတဲ့ နိုင်ငံခြားသားလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတဲ့ အတွက် အထောက်ထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေ မှာ စိုးရိမ်နေရပြီး  အထူးဂရုပြု သွားလာနေရတယ်လို့ အလုပ်သမားအဖွဲ့စည်းတွေ နဲ့ အလုပ်သမားတွေ ထံ က သိရပါတယ်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ရက် ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးတာမှာ ရွှေ့ပြောင်း လုပ်သား သိန်းနဲ့ချီဖမ်းဆီးခံနေရတဲ့အထဲမှာ မြန်မာလုပ်သား ၉ သောင်း ၇ ထောင်ကျော် အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၅ ရက်ကစတင်လိုက်တဲ့ ရက် ၁၂၀  စီမံချက် နဲ့ နိုင်ငံခြားသား အထောက်အထားမဲ့ လုပ်သားတွေ အထောက်အထားမပြည့်စုံတဲ့ လုပ်သားတွေကို စက်ရုံတွေ စားသောက်ဆိုင်တွေ နဲ့ လမ်းတွေ စတဲ့ နိုင်ငံခြားသား လုပ်သား အများဆုံးရှိတဲ့ နေရာတွေ ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"စက်ရုံ တွေ ကိုဝင်ပြီး စစ်ဆေးတာ ပိုများတယ် ၊ ကျွန်တော်တို့ စက်ရုံမှာလည်း အထောက်အထားမပြည့်စုံတဲ့
မြန်မာလုပ်သားတွေ အယောက်၂၀ လောက်ရှိတယ် အခု စစ်ဆေး ဖမ်းဆီးတာတွေ များတော့
သူဌေးက စက်ရုံ ကို တံခါးပိတ်ထားတာ အပြင်ကကြည့်ရင် အလုပ်လုပ်နေတယ်မထင်ရအောင် အလုပ်သမားတွေကို အပြင်လည်းမထွက်ခိုင်းဘူး ဈေးဝယ်မယ်ဆိုလည်း စက်ရုံ ထဲ မှာရောင်းပေးတယ် ကိုယ့်နိုင်ငံမှာ နေလို့မရ လို့သာ ဒီမှာ လာလုပ်နေရတယ် တနေ့တနေ့ အဖမ်းဆီးများလာမလား စိုးရိမ်နေရတာနဲ့ အပြင်လဲမထွက်ရ အကျယ်ချုပ်ကျနေသလို ကြီးဖြစ်နေတာ အထောက်အထားမပြည့်စုံတဲ့ဘဝက ကျီးလန့်စာ စားနေရသလိုပါဘဲ"လို့ ဘန်ကောက်မြို့အနီးရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ကပြောပါတယ်။

အခုလို စီမံချက်နဲ့ ဖမ်းဆီးတာမှာစက်ရုံအလုပ်ရုံ တွေအပြင် ပတ်ဝန်းကျင်က တိုင်တန်း ပါက နေအိမ် များ အထိ စစ်ဆေး ဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

""အိမ်တွေကိုတော့ ပုံမှန်ဆို ဝင်စစ်ဆေးတာ နည်းတယ် တစ်ချို့ မြန်မာ တွေက စည်းကမ်းမဲ့ နေထိုင်တာတွေရှိတော့ ပတ်ဝန်းကျင် က သူတို့ထိုင်းနိုင်ငံသားတွေ တိုင်ရင် အိမ်တွေ ကို ဝင်ရောက်စစ်ဆေး ဖမ်းစီးတာတွေပါရှိတယ် ဒီတိုင်း ဆိုရင်တော့ အသွားအလာ သတိထားနေရတာပေါ့ ပန်းရောင်ကတ် မြန်မြန်ရိုက်ခွင့်ပေးမှပဲ အထောက်အထားမဲ့သူတွေ အတွက် စိတ်အေးရမှာ"လို့ မဲဆောက်ရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တွေ ပါဝင် တဲ့  ရက် ၁၂၀ စီမံချက်အရ အထောက်အထားမဲ့ အလုပ်သမားတွေ ကို ဖမ်းဆီးနေတာ မှာ ၄၃ ရက်အတွင်း အထောက်ထားမဲ့ နိုင်ငံခြားသားလုပ်သား  ၁၃၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၉၇,၄၄၈ ဦးအထိ အဖမ်းခံထားရတယ်လို့သိရပါတယ်။

 


Related posts

Cover
ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို
Apr 22, 2025
Cover
လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ
Apr 22, 2025
Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025