NEWS

အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်   ခံစားခွင့်ပြုမယ်လို စစ်ကောင်စီ ထုတ်ပြန်

CoverLogo
458 Views

နိုင်ငံ့ဝန်ထမ်း တွေ နဲ့ အငြိမ်းစားဝန်ထမ်း တွေ ကို  ဩဂုတ် ၁ ရက်မှစ ပြီး အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုမယ်လို  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့မှာ အတည်ပြုကြေညာ လိုက်ပါတယ်။


နိုင်ငံ့ဝန်ထမ်း တွေ  နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာ မှာ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေဖို အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတိုကို ဆောင်ရွက်ပေးခဲ့တယ်လို ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး  နိုင်ငံ့ဝန်ထမ်း တွေ ကို  လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လ ကျပ် ၃၀,၀၀၀/ကို လစဉ်ခံစားခွင့်ပြုခဲ့တယ်လို သိရပါတယ်။


ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိတဲ့  အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင် ထပ်မံပြီး ကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမယ်လို ဆိုပါတယ်။


ဒါ့အပြင်  နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြတဲ့  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀  ကို လစဉ်ခံစား ခွင့်ပြုမယ်လို သိရပါတယ်။


ယင်း ထောက်ပံ့ကြေး တွေ ကို ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစတင် ခံစားခွင့်ပြုမှာဖြစ်တယ်လို ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။


Related posts

Cover
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူအများဆုံးနိုင်ငံဖြစ်လာ
Nov 22, 2024
Cover
Diamond Rental Myanmar Co.ltd အလုပ်သမားတဦးမှ ပေးစာ
Nov 22, 2024
Cover
လျှံဖ Lianfa အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုလုပ်ကိုင်ပေးရသည့်အပြင် အောလင်းဆင်းခိုင်း
Nov 20, 2024
Cover
အာဏာသိမ်း စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့်အရေးယူရန် အလုပ်သမားအစုအဖွဲ့တွေ ကြိုးပမ်း
Nov 20, 2024
Cover
လုပ်ငန်းခွင်အတွင်း ဥပဒေချိုးဖောက်မှုများကို ဝန်ကြီး ဌာနနှင့် အလုပ်ရှင်ပူးပေါင်းပြီး ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်ခဲ့
Nov 20, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
မသန့်ရှင်းသည့်ရေများကို အလုပ်သမားများ သောက်သုံးနေရ
Nov 18, 2024
Cover
ကုန်ဈေးနှုန်းကြောင့် ထောင်ဝင်စာ​ပေးပို့သူ​တွေအခက်​တွေ့
Nov 18, 2024