NEWS

လုပ်ငန်းခွင်အတွင်းအလုပ်မလုပ်ဘဲ ဆန္ဒဖော်ထုတ်ပြီးနောက် ဆင်ဖြူတော် အထည်ချုပ်ကလုပ်သား ၅၀၀ ကျော်လုပ်အားခအပြည့်ပြန်ရဟုဆို

CoverLogo
1.1K Views

မတ်လက လုပ်ခဲ့တဲ့လုပ်ခလစာကိုစက်ရုံဖက်ကဝန်ထမ်းတွေရဲ့လစာထုတ်ရက်ရောက်မှ ၃၅ ရာခိုင်နှုန်းသာပေးတော့မယ်လို့ပြောလာတဲ့အတွက်ဆင်ဖြူတော်(C.K.J Myanmar)အထည်ချုပ်စက်ရုံကအလုပ်သမား၅၀၀ ကျော်ဟာ လုပ်ငန်းခွင်မဝင်ပဲ ၂ ရက်တာဆန္ဒပြနေရာကနေ ဒီကနေ့ဧပြီ ၇ ရက်နေ့မှာပဲလုပ်အားအပြည့်အဝပြန်လည်ရရှိသွားပြီလို့သိရပါတယ်။

အဆိုပါစက်ရုံဟာကိုရီးယားလူမျိုးတဦးလုပ်ကိုင်နေတဲ့အထည်ချုပ်စက်ရုံဖြစ်ပြီးရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သမဝါယမှတ်တိုင်အနီးမှာလုပ်သား ၅၀၀ နီးပါးနဲ့လည်ပတ်နေတဲ့စက်ရုံတခုဖြစ်ပါတယ်။

"သူတို့ဖက်ကကျန်တာကိုဘယ်နေ့ဘယ်ရက်ပေးပါမယ်လို့အစောကြီးထဲကပြောရင်ဒါမျိုးမဖြစ်ဖူးလစာထုတ်ရက်မှ ၃၅ ရာခိုင်နှုန်းပဲပေးနိုင်မယ်ပြောလို့ဖြစ်ရတာခုတော့လစာအပြည့်ပြန်ရပါပြီ"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးက MLN ကိုပြောပါတယ်။

လုပ်ခလစာဖြတ်တောက်ခံရတဲ့အပေါ်အလုပ်သမားတွေဖက်ကလုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေတဲ့အပေါ်မှာလဲစက်ရုံဖက်ကအလုပ်သမားတွေကိုခြိမ်းခြောက်နေတာတွေရှိခဲ့တဲ့အပြင်ဆန္ဒပြတဲ့ရက်တွေအတွက်လုပ်ခလစာမပေးဖူးလို့ပြောခဲ့တာတွေရှိတယ်လို့လဲအလုပ်သမားတွေကပြောပါတယ်။

"နင်တို့ကိုဒေးကြေးကျွမ်းကျင်ကြေးတွေဖြတ်ပစ်မယ်ပြောတယ် ကျမတို့ကတော့အရင်လစာတောင်မရှင်းသေးတာဘာလို့လုပ်ရမှာလဲဆိုပြီးတော့ကိုပေပြီးဆန္ဒပြခဲ့တာ အဲ့ဒါဖြတ်လားမဖြတ်လားနောက်လစောင့်ကြည့်ရမှာပေါ့"လို့အလုပ်သမားတဦးကထပ်ပြောပါတယ်။

အဆိုပါစက်ရုံမှာသမဂ္ဂရှိပေမယ့်ယခုလက်ရှိအနေအထားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ပါက ဘယ်လိုမှကူညီခွင့်မရဖြစ်နေတယ်လို့အလုပ်သမားတွေဖက်ကပြောပါတယ်။

လက်ရှိအနေအထားမှာတော့ဆင်ဖြူတော် အထည်ချုပ်စက်ရုံမှလုပ်ခလစာအပြည့်မပေးချေနိုင်တဲ့အတွက်တခြားစက်ရုံတခုမှဝန်ထမ်းလစာငွေအကူအညီပေးမယ်လို့ကြားသိနေရပေမယ့်အလုပ်သမားတွေအနေနဲ့စက်ရုံဖက်ကအပြည့်ပေးချေမှု့ရှိမရှိကိုလက်ရှိအချိန်အထိလုပ်ငန်းခွင်မဝင်သေးဘဲ ဆက်လက်စောင့်ကြည့်ခဲ့ပြီးတော့ဒီကနေ့ညနေပိုင်းမှာပဲလစာအပြည့်အဝရရှိခဲ့တာလို့သိရပါတယ်။

ဆင်ဖြူတော်(CKJ) အထည်ချုပ်စက်ရုံဟာ Export အထည်တွေ၊အပါးထည်တွေချုပ်လုပ်ပြီးစျေးကွက်ကိုပြန်လည်တင်ပို့နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025