NEWS

ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမား တွေကို မသင်္ကာမှုနဲ့ အဝတ်ချွတ်စစ်ဆေးဖို့ ပြုလုပ်လို့ အလုပ်သမားတွေတိုင်ကြား

CoverLogo
284 Views

ထိုင်းနိုင်ငံချာချင်ဆောင်မြို့မှာ ရှိတဲ့ သတ္တုရုံ မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦးကို မသင်္ကာမှုနဲ့ စစ်ဆေးဖို့ အတွက်  အဝတ်အစားများချွတ်ခိုင်းတဲ့ တရုတ် သူဌေး ကိုမကျေနပ်တဲ့ အတွက် စက်ရုံရှိ မြန်မာအလုပ်သမားတွေက WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ထံ အကူညီလာရောက်တောင်းခံတယ်လို့ သိရပါတယ်။

ယင်းစက်ရုံ မှာ MOU မြန်မာအလုပ်သမား အမျိုးသား ၄ ဦး အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၃၀ ဦးရှိတယ်လို့ ဆိုပါတယ်။
၎င်း အလုပ်သမား ၃၀ ထဲ က အမျိုးသမီး ၃ ဦး ကို မင်္သကာ မှု ဖြင့် စစ်ဆေးရာ မှာ  အဝတ်အစားများချွတ်ခိုင်းတဲ့ အတွက် ယင်း အမျိုးသမီး ၃ဦး မှာ ယောက်ျားသားများရှေ့ တွင် မချွတ် နိုင်ကြောင်း ငြင်းဆိုရာ မှ တရုတ်သူဌေး က အဝတ်မချွတ်ပါက ထမင်းမကျွေးဟုဆိုကာ  အခန်းတံခါးကို ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

 "အခုလို တရုတ်သူဌေး က ပြုလုပ်တဲ့ အတွက် ကျန်ရှိတဲ့ အလုပ်သမား ၂၇ဦး က  မကျေမနပ် ဖြစ်ပြီးတော့ ကျွန်တော်တို့ WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ကို အကူညီ လာတောင်းတဲ့ အတွက် ချက်ချင်းပဲ သွားပြီး ဖြေရှင်း ပေးခဲ့ပါတယ်။အဲ့စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့ တွေဆုံဖြေရှင်း ပြီးတဲ့ အခါ မှာ အလုပ်သမားတွေရဲ့ လိုအပ်ချက်တွေ တောင်းဆိုချက်တွေကို တာဝန်ရှိသူတွေ က လုပ်ပေးမယ်လို့ကတိပေးတယ်" လို့  WAG အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၎င်း စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံ ဖြစ်ပြီး တန်ဖိုးကြီး လက်ဝတ်ရတနာများ ထုတ်လုပ်တဲ့ စက်ရုံ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။သတ္တုအပိုင်းအစတွေ ကို  ယင်းစက်ရုံရှိ  အလုပ်သမားအချို့က ခိုးယူနေကြတဲ့ အတွက် စက်ရုံတာဝန်ရှိသူတွေ က  အလုပ်သမား အားလုံးကို မသင်္ကာမှုနဲ့ စစ်ဆေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို
Apr 22, 2025
Cover
လိုင်စင်ရအေဂျင်စီ အချို့ တရားမဝင် လုပ်သားစေလွှတ်မှုများလာ
Apr 22, 2025
Cover
PJ Workers Must Apply for Departure Permission 5 Days in Advance Starting Today
Apr 20, 2025
Cover
အထောက်အထားမရှိဘဲ အလုပ်လုပ်တဲ့ မြန်မာ ၇ ဦး ဖမ်းဆီးခံရ
Apr 20, 2025
Cover
CI ရုံးတွေ  မကြာခင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Apr 19, 2025
Cover
အွန်လိုင်းမှ ထိုင်းဘာသာစကားသင်ကြားပေးသော မြန်မာတစ်ဦးကို ထိုင်းရဲဖမ်းဆီး
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား
Apr 12, 2025