NEWS

ဗဟိုအမျိုးသမီးဆေးရုံက​နေ ခိုးယူခံခဲ့ရတဲ့  မွေးကင်းစ ကလေးငယ်ကို သင်္ကန်းကျွန်းမြို့နယ်တွင်  ပြန်လည်တွေ့ရှိ

CoverLogo
207 Views

ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံက​နေ ခိုးယူခံခဲ့ရတဲ့ မွေးကင်းစကလေးငယ်ကို သင်္ဃန်းကျွန်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

သင်္ကန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ မေတ္တာ ၂ လမ်းထဲက တိုက်ခန်းတစ်ခန်းမှာနေထိုင်တဲ့အသက် ၂၀ အရွယ် အမျိုးသမီးလက်ထဲကနေ အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းမှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ 

မွေးဖွားပြီး ကိုးရက်သာ ရှိသေးတဲ့ မွေးကင်းစကလေးငယ်ဟာ အသားဝါဖြစ်နေတာကြောင့် ကုသမှုခံယူ နေတဲ့ အဆောင်ကနေ အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းမှာ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။ 

ကလေးငယ် ပျောက်ဆုံးမှုကြောင့် ဗဟိုအမျိုးသမီးဆေးရုံရှိ CCTV မှတ်တမ်းတွေကို ကြည့်ရှုရာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဝတ်ဆင့်လေ့ရှိတဲ့ ဝတ်စုံမျိုး ဝတ်ဆင်ထားသူတစ်ဦးက  ကလေးခိုးမှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ကလေးခိုးယူခံခဲ့ရတဲ့အကြောင်း ဆိုရှယ်မီဒီယာတွေမှာ လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး အင်တာနက် အသုံးပြုတွေဟာ ကလေးပျောက်ဆုံးမှုအကြောင်း မျှဝေခဲ့တာကြောင့် လူအများ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ 

ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ပဲခူးတိုင်း ညောင်ခါးရှည်ဂိတ်မှာ ပြန်လည်ရှာဖွေ့တွေ့ရှိတယ်လို့ သတင်းအမှား တွေလည်း ပျံ့နှံ့ခဲ့ပါတယ်။ 

အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာတော့ ပျောက်ဆုံးနေတဲ့ မွေးကင်းစကလေးငယ်ကို ​သင်္ယန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်တစ်ခုမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

မွေးကင်းစ ကလေးငယ် ခိုးယူခံရတဲ့ သတင်း​ကြောင့် က​လေး မီးဖွားထားတဲ့ မိခင်​တွေနဲ့  ကိုယ်ဝန်​ဆောင်မိခင်​လောင်း​တွေ စိုးရိမ်တုန်လှုပ်ခဲ့ရပြီး ယခုဖြစ်ရပ်ဟာ ဗဟိုအမျိုးသမီးဆေးရုံက တာဝန်ရှိသူတွေ ပေါ့လျော့လို့ ပျောက်ဆုံးခဲ့ရတာဖြစ် တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

 


Related posts

Cover
လူအသွားအလာနည်းပါးလာပြီး‌ ဈေးဆိုင်များအရောင်းအဝယ်ကျဆင်းလာ
Dec 23, 2024
Cover
အစိုးရဝန်ထမ်းတွေ တဆက်တည်းရုံးပိတ်ရက်ယူပါက စနေနေ့ရုံးပြန်တက်ပေးရန် သတ်မှတ်
Dec 23, 2024
Cover
ဝန်အားမနိုင်မနင်း ဖြစ်လို့ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း မီးပျက်ချိန် ၄ နာရီ ထပ်တိုး
Dec 20, 2024
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
အင်တာနက်ဒေတာ သုံးစွဲမှုကုန်ကျစရိတ် ၂ ဆမြင့်တက်လာ အကန့်အသတ်မရှိ ဒေတာအသုံးပြုခွင့်ရောင်းချမှုပါရပ်ဆိုင်း
Dec 12, 2024
Cover
လျှပ်စစ်မီး ရရှိမှုနည်းလာလို့ အလုပ်သမားတွေ အခက်တွေ့
Dec 07, 2024
Cover
ကော်စေ့စက်ရုံမီးလောင်မှု ၈နာရီကျော်ကြာအထိ မီးငြှိမ်းသတ်ခဲ့ရ
Dec 06, 2024
Cover
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ
Nov 28, 2024