NEWS

ပုသိမ်မြို့ ဒေါင်းလောင်း အထည်ချုပ်စက်ရုံကြိုပို့ယဥ်တိမ်းမှောက်မှု့မှာ(၁၈)နှစ်မပြည့်သေးတဲ့အလုပ်သမ ၁ ဦးသေဆုံး

CoverLogo
1.6K Views

ယမန်နေ့ညကပုသိမ်မြို့ ပုသိမ်တံတားအမှတ်(၂) အဆင်းမှာပုသိမ်စက်မှု့ဇုံကဒေါင်းလောင်း အထည်ချုပ်စက်ရုံ ကြိုပို့ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၁ဦးသေဆုံးကာ ၁၀ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၉ရက်နေ့ ည ၇နာရီ ၄၅မိနစ်ခန့်မှာ ပုသိမ်တံတားအမှတ်(၂) ပုသိမ်မြို့တစ်ဖက်ကမ်း အဆင်းမှာပဲလမ်းဖြတ်ကူးသူအမျိုးသမီးတဦးကိုတိမ်းရှောင်ရင်း တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

"မိဘတွေကမပြေလည်လို့ အထည်ချုပ်ဆင်းတာတောင် ၁ပတ်မပြည့်သေးဘူး အခုလိုအဖြစ်ဆိုးနဲ့ကြုံရတယ်လို့ကိုယ်တွေရွာကကောင်မလေးပါ အသက်၁၈တောင်မပြည့်သေးဘူး"လို့ဒေသခံတဦးပပြောပါတယ်။

အဆိုပါယဥ်တိမ်းမှောက်မှု့ဖြစ်စဥ်ကြောင့်ဖယ်ရီပေါ်မှသေဆုံးသူအမျိုးသမီးငယ်မှာပုသိမ်မြို့ကဿပေါင်ရွာမှဖြစ်တယ်လို့ကနဦးစုံစမ်းသိရှိရပါတယ်။


Related posts

Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025
Cover
W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း
Apr 10, 2025
Cover
Guston Amava Ltd အလုပ်ထွက်အလုပ်သမားအပေါ် ခွဲခြားဆက်ဆံ
Apr 10, 2025
Cover
Lita Myanmar က HR မန်နေဂျာ အဝတ်အစားပေါ် ခွဲခြားဆက်ဆံ
Apr 09, 2025