အသားထွက်ကုန်ပစ္စည်း၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တို့ကို သယ်ဆောင်လာခြင်း ကိုဂျပန် နိုင်ငံ က တင်းကြပ်စွာတားမြစ်ထားတဲ့ အတွက် ဂျပန် နိုင်ငံ ကို အလည်သွားရောက်သူများ၊အလုပ်သွား ရောက် လုပ်ကိုင်မယ့်သူတွေ အနေနဲ့ သယ်ဆောင်လာတာတွေ မပြုလုပ်ဖို့ ရန်ကုန်ရှိ ဂျပန်သံရုံးက အထူးသတိပေးအကြောင်းကြားစာကိုဇူလိုင်၁၂ရက် မှာ ထုတ်ပြန်ထားပါတယ်။
လတ်တလော မှာ ဖော်ပြပါ တားမြစ်စားသောက်ကုန် တွေ ကို တရားမဝင်သယ်ဆောင်ခြင်း အကြိမ်ကြိမ် ကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ သာဓကဖြစ်ရပ်လည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံကို အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် တွေ ကို တရားမဝင် သယ်ဆောင်လာပါက ကြီးလေးတဲ့ ပြစ်ဒဏ် (အမြင့်ဆုံးထောင်ဒဏ် ၃နှစ် သို့မဟုတ် အများဆုံး ဒဏ်ကြေးငွေ ဂျပန်ယန်း ၃ သန်း နဲ့ (လုပ်ငန်းအဖွဲ့အစည်းများဖြစ်ပါက အများဆုံး ဒဏ်ကြေးငွေ ဂျပန် ယန်း သန်း ၅၀ )ချမှတ်ခံရမှာ ဖြစ်တယ်လို့ သံရုံးရဲ့ သတိပေးချက်မှာဖေါ်ပြထားပါတယ်။
ဒါကြောင့် ဂျပန်နိုင်ငံသို့ လာရောက်ကြ တဲ့ အခါ အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် စတာတွေကို သယ်ဆောင်လာခြင်း မပြုကြဖို့ အထူးသတိပေး အကြောင်းကြားအပ်ပါတယ်လို့ သံရုံးမှ အသိပေးထားပါတယ်။